တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ (၁၁) ရက်
|
ဆန္ဒမဲလက်မှတ်ပုံစံ နမူနာ |
၂၀၁၅-ခုနှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင်ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းနှင့် ကိုယ်ရေးမှတ်တမ်းအကျဉ်းကိုအောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။
လေးစားအပ်ပါသော မိဘပြည်သူများခင်ဗျား-
၂၀၁၅-ခုနှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကျင်းပပြုလုပ်ပေးမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) မှ အထက်ဖော်ပြပါ မဲဆန္ဒနယ်များတွင် ၀င်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ပါတီတစ်ခုတည်းသာ ကိုယ်စားပြုခြင်း မဟုတ်ဘဲ ပအိုဝ်းအမျိုးသားထု တစ်ရပ်လုံးနှင့် ဒေသတွင်းရှိ အတူယှဉ်တွဲနေထိုင်သော ညီနောင်တိုင်းရင်းသားများ အားလုံးကို ကိုယ်စားပြု ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
၎င်း လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာလွှတ်တော်တွင် အမျိုးသားအင်္ဂါရပ်များနှင့် အညီ ပအိုဝ်းအမျိုးသားထုတစ်ရပ်လုံးမှ ရသင့်ရထိုက်သော တမျိုးသားလုံးအခွင့်အရေးနှင့် ညီနောင်တိုင်းရင်းသား များမှ ရရှိသင့်သော အခွင့်အရေးများကို ကြိုးစားဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
တဖန် ၄င်း လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာလွှတ်တော်တွင် ပအိုဝ်းအမျိုးသားထု တစ်ရပ်လုံးနှင့် ဒေသတွင်း အတူယှဉ်တွဲနေထိုင်ကြသော ညီနောင်တိုင်းရင်းသားများ၏ အကျိုးစီးပွါးကို ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်လာမည့် ဖွံ့ဖြိုးရေးဆိုင်ရာ အချက်အလက်များကို ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO) ဗဟိုဌာနချုပ်ရုံးရှိ သက်ဆိုင်ရာဌာနများမှ လည်းကောင်း၊ သက်ဆိုင်ရာ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO) မြို့နယ်ပါတီ၊ ကျေးရွာအုပ်စုပါတီများမှ လည်းကောင်း၊ သက်ဆိုင်ရာ ပအိုဝ်းအမျိုးသား အုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့်မှ လည်းကောင်း၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ဗဟို)မှ လည်းကောင်း၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ဗဟို)၏ စီမံခန့်ခွဲမှုအောက်ရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများမှ လည်းကောင်း၊ သက်ဆိုင်ရာ ပအိုဝ်းလူငယ်ကွန်ယက်(PYN) (ဗဟို)၊ မြို့နယ်၊ ကျေးရွာအုပ်စု၊ ကျေးရွာအဖွဲ့အဆင့်ဆင့်မှ လည်းကောင်း ကျောထောက်နောက်ခံအဖြစ် ရပ်တည်ကာ ထောက်ပံ့မှု ပြုသွားမှာ ဖြစ်ပါတယ်။
လေးစားအပ်ပါသော မိဘပြည်သူများခင်ဗျား-
မိမိတို့ဒေသ၊ မိမိတို့ လူမျိုးအခွင့်အရေးများ ဆုံးရှူံးမှု မရှိစေရန်နှင့် အပြည့်အ၀ ရရှိစေရန်အတွက် လာမည့် ၂၀၁၅-ခုနှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကျင်းပပြုလုပ်ပေးမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် မိမိတို့ မိခင်ပါတီဖြစ်သော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ကို မဲပေးကြပါရန် နိုးဆော်အပ်ပါတယ် ခင်ဗျား။
မှတ်ချက်။ ။မိဘပြည်သူများ ခင်ဗျား-
မိမိတို့၏ အခွင့်အရေးများ ဆုံးရှူံးမှု မရှိစေရန်အတွက် မဲစာရင်းတွင် မိမိ အမည်စာရင်း ပါမပါ၊ ပါရှိပါက အမည်စာရင်း မှန်မမှန် ကိစ္စရပ်များအား မိမိတို့နေထိုင်ရာ သက်ဆိုင်ရာ ကျေးရွာအုပ်စုကော်မရှင်ရုံးတွင် သွားရောက်ကြည့်ရှုကြပါရန် တိုက်တွန်းနိုးဆော်အပ်ပါတယ် ခင်ဗျား။
|
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (ဟိုပုံး၊ ဆီဆိုင်၊ပင်လောင်း)မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း |
|
ပအိုဝ်;နမ်းပဲင်;အုပ်ချုတ်ခွင်,လ,ဒေ;သ (ဟိုပုံ,၊သီ;သဲင်;၊ပင်လောင်,)ဝေင်,နယ်; စွိုးခွို,လွတ်တော;နမ်းခြောင်,တင်လောင်, |
|
ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းများ |
|
ဝေင်,နယ်;ဟိုပုံ, ခမ်းသားလွတ်တော;တွမ်; ခမ်းနယ်;လွတ်တော; နမ်းခြောင်တင်လောင်,ဖုံ; |
|
ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းများ |
|
ဝေင်,နယ်;သီ;သဲင်; ခမ်းသားလွတ်တော;တွမ်; ခမ်းနယ်;လွတ်တော; နမ်းခြောင်,တင်လောင်,ဖုံ; |
|
ပင်လောင်းမြို့နယ် ပြည်သူ့လွတ်တော်နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းများ |
|
ဝေင်,နယ်;ပင်လောင်, ခမ်းသားလွတ်တော;တွမ်; ခမ်းနယ်;လွတ်တော; နမ်းခြောင်,တင်လောင်,ဖုံ; |
|
တောင်ကြီးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း |
|
ဝေင်,နယ်;တောင်;ကီ, ခမ်းသားလွတ်တော; နမ်းခြောင်,တင်လောင်, |
(ယခင်တင်ထားခဲ့သည့် သတင်းအား ဓါတ်ပုံများအစားထိုး/ အနည်းငယ်ပြင်ဆင်ကာ ပြန်လည်ဖော်ပြခြင်း ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။)
Like On Facebook
Follow On Twitter
Subscribe On RSS