Wednesday, August 19, 2015

ပအိုဝ်းအမျိုးသားအဖွဲ့(PNO)ပါတီ၊ ၂၀၁၅ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ (၁၉) ရက်



ပြည်ထောင်စုလွှတ်တော်ကော်မရှင်မှ သတ်မှတ်ပြဌာန်းပေးသည့် နိုဝင်ဘာလ(၈)ရက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် ပအိုဝ်းအမျိုးသားအဖွဲ့(PNO)ပါတီက ဟိုပုံး၊ ပင်လောင်း၊ ဆီဆိုင်၊ တောင်ကြီး စသည့်မြို့နယ်များတွင် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ် လွှတ်တော် စသဖြင့် ဆက်လက်ဝင်ပြိုင်သွားမည်ဖြစ်ပြီး ထို့သို့ ၀င်ရောက်ယှဉ်ပြိုင်ရာတွင် အဆင်ပြေ ချောမွေ့စေရန်အတွက် ယနေ့ ၂၀၁၅ခုနှစ်၊ သြဂုတ်လ(၁၉)ရက်၊ တောင်ကြီးမြို့၊ ပအိုဝ်း အမျိုးသား ဘက်စုံဖွံ့ဖြိုးရေး(ဒဲဉ်သီးဗွေ)ကွင်း၊ ပအိုဝ်းအမျိုးသားခန်းမတွင် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ် ကျင်းပခဲ့ပါသည်။
ထိုအလုပ်ရုံဆွေးနွေးပွဲကြီးတွင် ၂၀၁၅ရွေးကောက်ပွဲနှင့် ပတ်သက်၍ မြို့နယ်အောင်နိုင်ရေးအဖွဲ့၊ အောင်နိုင်ရေး အထောက်အကူပြုအဖွဲ့များနှင့် မဟာမိတ်မြို့နယ်အောင်နိုင်ရေးအဖွဲ့များ ဖွဲ့စည်းကာ ယင်း ဖွဲ့စည်းထားသည့် အောင်နိုင်ရေးအဖွဲ့များအတွက် လုပ်ငန်းအစီအစဉ်များကို ရေးဆွဲသွားမည်ဖြစ်ပြီး ၄င်းအဖွဲ့များအတွက် ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များကိုလည်း တင်ပြဆွေးနွေး သွားမည်ဖြစ်ပါသည်။ ထို့အပြင် ပြည်သူလူထုများကို လက်တွေ့ကွင်းဆင်းသရုပ်ဖော်စည်းရုံးသွားမည့်ပုံစံဖြင့် ပြုလုပ်သွားမည်ဖြစ်ပါသည်။




အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ PNO ဗဟိုအလုပ်အမုဆောင် ကော်မတီဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ မြို့နယ်တာဝန်ခံများ၊ ပအိုဝ်းလူငယ်ကွန်ယက်(PYN)အဖွဲ့ဝင်များ၊ ပအိုဝ်းစာပေ နှင့်ယဉ်ကျေးအဖွဲ့များ၊ ပအိုဝ်းအမျိုးသမီအဖွဲ့များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုဌာနရုံးရှိ ဌာနဆိုင်ရာ ၀န်ထမ်းများ၊ လီဆူးတိုင်းရင်းသားများ တက်ရောက်ဆွေးနွေးခဲ့ကြပါကြောင်း၊ ထိုအလုပ်ရုံဆွေးနွေးပွဲတွင် ပအိုဝ်အမျိုးသား အဖွဲ့ချုပ်(PNO)ဗဟိုဌာနရုံမှ ရွေးကောက်ပွဲအောင်နိုင်ရေး မဟာဗျူဟာနှင့် နည်းဗျူဟာများနှင့် သုတေသနတွေ့ရှိချက်များကို တင်ပြသွားခဲ့ပါကြောင်း၊ ၄င်းအလုပ်ရုံဆွေးနွေးပွဲကို (၃)ရက်တိုင်တိုင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
 
ခွန်ထင်းလေအောင်း
Powered by Blogger.