Tuesday, September 22, 2015

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် အမျိုးစောင့်ဥပဒေအောင်မြင်မှု အထိမ်းအမှတ်ဂုဏ်ပြု ကြိုဆိုပွဲပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်



ရှမ်းပြည်နယ်တောင်ပိုင်း၊ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ဦးဆောင်၍ ၂၀၁၅ခုနှစ်၊ စက်တင်ဘာလ(၂၂)ရက်နေ့၊ အင်္ဂါနေ့၊ တောင်ကြီးမြို့တွင် အမျိုးစောင့်ဥပဒေအောင်မြင်မှု အထိမ်းအမှတ်ဂုဏ်ပြုကြိုဆိုပွဲ ပြုလုပ်ကျင်းပခဲ့ပါသည်။




အဆိုပါအမျိုးစောင့်ဥပဒေအောင်မြင်မှုအထိမ်းအမှတ်ဂုဏ်ပြုကြိုဆိုပွဲတွင် အောင်ပွဲခံကြသော ရဟန်းသံဃာနှင့် မိဘပြည်သူများက အမျိုးစောင့်ဥပဒေ (အောင်ခဲ့ပြီ----အောင်ခဲ့ပြီ)၊ အမျိုးစောင့်ဥပဒေ ကမ္ဘာတည်စေ(မြန်မာပြည်ကြီး----ငြိမ်းချမ်းပေ..)၊ တိုင်းရင်းသားပြည်သူတို့ဘ၀ လုံခြုံရေး(အမျိုး စောင့်ဥပဒေ -- ကာကွယ်ပေး)၊ အမျိုးစောင့်ဥပဒေဖြင့်ကာကွယ်မှ(မြန်မာအမျိုးသမီးဘ၀---စိတ်ချရ)၊ အမျိုးကိုချစ်ရင်--စောင့်ရှောက်ပါ(အမျိုးစောင့်ဥပဒေ---လိုက်နာပါ)၊ အမျိုးစောင့်ဥပဒေ ကမ္ဘာတည်ဖို့ (တိုင်းပြည်သူတွေ---၀န်းရံစို့)၊ အမျိုးစောင့်ဥပဒေ(အောင်ခဲ့ပြီ---အောင်ခဲ့ပြီ) စသည့် အမျိုးစောင့်ဥပဒေ အောင်ပွဲကြွေကြော်သံ ဆိုင်းဘုတ်ငယ်များကိုင်ဆောင်ကာ တောင်ကြီးမြို့ မင်းကွန်းကျောင်းတွင် စတင်၍ တစ်မြို့လုံး လှည့်ပတ် ကြွေးကြော်ခဲ့ကြပါသည်။
အဆိုပါ ဂုဏ်ပြုကြိုဆိုပွဲတွင် ရှမ်းပြည်နယ်အတွင်းရှိ တောင်ကြီး၊ ဟိုပုံး၊ ပင်လောင်း၊ နောင်တရား၊ တီကျစ်၊ ဆီဆိုင်၊ဘန်းယဉ်၊ နောင်မွန်၊ ဆိုက်ခေါင်၊  ရွှေညောင်၊ အေးသာယာ၊ ညောင်ရွှေ၊ ဖယ်ခုံ၊ မိုးဗြဲ၊ ဆောင်းပြောင်း၊ ရပ်စောက်၊ တောင်နီ၊ ကလော၊ အောင်ပန်း၊ ဟဲဟိုး၊ ပင်တယ၊ ပွေးလှ၊ ရွာငံ စသည့်မြို့နယ်တို့မှ ရဟန်းသံဃာ(၃၀၀၀)ကျော်၊ သီလရှင်(၃၀၀)ကျော်၊ တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုပေါင်း( ၄၀၀၀၀)ကျော် တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

 ခွန်ထင်းလေအောင်း
Powered by Blogger.