Tuesday, September 22, 2015

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ ရေဖြူကျေးရွာတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံး

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်


၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ ရေဖြူကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံး အခမ်းအနားပြုလုပ်ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ရေဖြူကျေးရွာ၊ ကောင်ထိုကျေးရွာ၊ လွယ်ငွန်းကျေးရွာ၊ လွယ်လင်လေးကျေးရွာ၊ စလောင်းထောင်ကျေးရွာ၊ တောင်ဇလပ်ကျေးရွာ၊ ကယန်းလေးကျေးရွာ စသည့်ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ဒေသခံမိဘပြည်သူများက ရေဖြူဆရာတော်ထံမှ ငါပါးသီလနှင့် သြ၀ါဒစကားခံယူခဲ့ကြပါသည်။



ထို့နောက် ဆီဆိုင်မြို့နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဥက္ကဌဦးခွန်ဆန်းဖေမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေမှ ၂၀၁၅ ရွေးကောက်ပွဲနှင့်ပက်သက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ နေထိုင်ကြသော တိုင်းရင်းသားများအားလုံး စည်လုံးညီညွတ်မူကို ဆက်လက်ထိန်းသိမ်းရန်လိုအပ်ကြောင်း ပြောကြားခဲ့ပြီး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ ဦ်းခွန်ကိုး၊ ဆီဆိုင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှသိန်းတို့မှ ၂၀၁၀ မှ ၂၀၁၅ အတွင်း လုပ်ဆောင်ခဲ့သော ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ၂၀၁၅ ရွေးကောက်ပွဲနှင့် ပက်သက်၍ သိသင့်သိထိုက်သည်များကို ပြောကြားခဲ့ပြီး တက်ရောက်လာသောဒေသခံများကို မဲဆွယ်စည်းရုံးခဲ့ပါသည်။ ဆက်လက်၍ တက်ရောက်လာသော ဒေသခံများမှ မေးမြန်းသည့် မေးခွန်းများကို ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော် ဦးခွန်သိန်းဖေမှ ဖြေကြားခဲ့ပြီး မိဘပြည်သူများအာလုံး ဗုဒ္ဓသာသနံ စိရံသိဌတု သုံကြိမ်းရွတ်ဆိုပြီး မဲဆွယ်စည်းရုံးရေး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားတွင် ဒေသခံမိဘပြည်သူများ (၃၀၀) ကျော်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ခွန်အာတက်
Powered by Blogger.