တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်
၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ လိန်းညာကျေးရွာအုပ်စု၊ ထီဗိဘုန်းတော်ကြီးကျောင်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်ရုံး ဟောပြောပွဲပြုလုပ်ကျင်းပခဲ့ပါသည်။ ရှေးဦးစွာ တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် လိန်းညာကျေးရွာအုပ်စု ဒေသခံမိဘပြည်သူများမှ ထီဗိဘုန်းတော်ကြီးထံ ငါးပါးသီလနှင့် သြ၀ါဒစကားနာယူခဲ့ကြပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုကော်မတီ ဦးခွန်လှမောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ထို့နောက် ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေမှ လက်ရှိမြန်မာနိုင်ငံအကြောင်း၊ ပအိုဝ်းလူမျိုးတို့၏ သမိုင်းကြောင်း၊ လွှတ်တော်ရေးရာ အကြောင်းများကို အကျယ်တ၀င့် ရှင်းလင်းပြောကြားပြီး ပင်လောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦိးခွန်မောင်သောင်းမှ အမျိုးသားနိုင်ငံရေးအကြောင်း၊ လာမည့် ၂၀၁၅ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် မဲတစ်ပြား၏ အရေးကြီးပုံအကြောင်း၊ မိဘပြည်သူများအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် အရွေးမမှားဖို့ရန်နှင့် စည်းလုံးညီညွတ်စွာဖြင့် မိမိတို့ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ပါတီကို ပြန်လည်ထောက်ခံသွားမည်ကို မိမိအနေဖြင့် အပြည့်အ၀ယုံကြည်ကြောင်း ပြောကြားသွာပါသည်။
ဆက်လက်၍ ပင်လောင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုယ်စား ဦးခွန်စောထီးမှ ၂၀၁၀ မှ ၂၀၁၅ အတွင်းလုပ်ဆောင်ခဲ့သောဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဆက်လက်လုပ်ဆောင်မည့် ရှေးလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုကော်မတီ ဦးခွန်ပညာဗုတ်မှ ဒေသခံမိဘပြည်သူများအား လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် စည်းစည်းလုံးလုံးဖြင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ကို မဲပေးကြရန် အမှာစကားတိုက်တွန်းပြောကြား၍ ဒေသခံတဦးမှ ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို အောင်အောင်မြင်မြင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
ခွန်အောင်မျိုးဦး
Like On Facebook
Follow On Twitter
Subscribe On RSS