Wednesday, September 23, 2015

တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့ တပ်မတော်နယ်လှည့် အထူးကုဆေး အဖွဲ့က မိဘပြည်သူများအတွက် ကျန်းမာရေးဆိုင်ရာလုပ်ငန်းများ လာရောက်ဆောင်ရွက်

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်


ကျန်းမာရေးပတ်သက်၍ ဆေးရုံးနှင့်အလှမ်းဝေးနေသော မိဘပြည်သူများနှင့် ကျန်းမာရေးစောင့်ရှောက်မှုအားနည်းနေသော မိဘပြည်သူများကို တစ်ဖက်တလှမ်းမှ ကူညီဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့က ဒီကနေ့ ၂၀၁၅ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက်၊ ဗုဒ္ဓဟူးနေ့၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့တွင် ကျန်းမာရေးဆိုင်ရာလုပ်ငန်းများ လာရောက်ဆောက်ရွက်ပေးခဲ့ပါသည်။



တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့သည်  တိုင်းရင်းသား မိဘပြည်သူများကြုံတွေ့ နေရသော အရိုး/ကြောဆိုင်ရာရောဂါ၊ သွားရောဂါ၊ မျက်စိရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ကလေးရောဂါနှင့် အခြားဆိုင်ရာရောဂါများကို ခွဲစိတ်ပေးခြင်း၊ ဓာတ်မှန်ရိုက်ပေးခြင်း၊ သွေးစစ်ပေးခြင်းနှင့် လိုအပ်သော ဆေးဝါများပေးအပ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါသည်။
တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့အနေနှင့် တစ်ရက်အတွင်း ကုသ၍ အဆင်မပြေနိုင်သည့် ပုဂ္ဂိုလ်လူနာများကို တပ်မတော်ဆေးရုံသို့ လွဲပြောင်းကုသပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့များသည် တောင်ကြီးမြို့နယ်အတွင်းရှိ နောင်ကားကျေးရွာ၊ ဟမ်းဆီးကျေးရွာတွင်သော်လည်းကောင်း၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင်လည်းကောင်း၊ ဖရူးဆိုးမြို့နယ်၊ ကြယ်ဖိုးကြီးကျေးရွာတွင်လည်းကောင်း လှည့်လည် ကုသပေးခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက်၍ အခြားမြို့နယ်တွင်လည်း လှည့်လည် ဆောင်ရွက်ပေးသွားရန် အစီအစဉ်ရှိနေသေးကြောင်း သိရှိရပါသည်။




ခွန်ထင်းလေအောင်း
   

Powered by Blogger.