Thursday, September 10, 2015

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ဘန်းကွန်ဘုန်းတော်ကြီးကျောင်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဟောပြောပွဲပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်



၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၁၀ ) ရက်နေ့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ဘန်းကွန်ဘုန်းတော်ကြီးကျောင်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဟောပြောပွဲပြုလုပ်ကျင်းပခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင်း ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေမှ ပြောကြားရာတွင် မိမိတို့ (၅) နှစ်တာကာလအတွင်း မိမိတို့ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရသင့်ရထိုက်သော အခွင့်အရေးများကို ရယူပေးခဲ့ပြီး တာဝန်ဝတ္တရားများကိုလည်  ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြောင်း၊ မိမိတို့ လုပ်ကိုင်ပေးခဲ့ပြီးဖြစ်သော ဒေသဖွံ့ဖြိုးရေးများကို ပြည်သူလူထုများ လက်ရှိတွေ့မြင်နေရပြီး ဖြစ်သလို မိမိတို့အနေဖြင့်လည် ဆက်လက်တာဝန်ထမ်းဆောင်ပေးသွားမည်ဖြစ်၍ ကိုယ်စားလှယ်လောင်းများကို ရွေးချယ်တင်မြှောက်ရာတွင် အရွေးမမှားဖို့ လူမှန် နေရာမှန် ဖြစ်ဖို့လည် မှန်ကန်စွာ မဲထည့်တက်ဖို့ မိမိတို့၏ သမိုင်းများကို ပြန်ကြည့်ပြီး မိမိတို့၏ ခေါင်းဆောင်ကောင်းများ ရွေးချယ်တက်ရန်လိုအပ်ကြောင်း ဟောပြောခဲ့ပါသည်။



ထို့အတူ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးအဖွဲ့ ဥက္ကဌဦးခွန်စံလွင်မှ ပြောကြားရာတွင် မဲထည့်ပုံမဲထည့်နည်းများကို သေချာစွာလေ့လာရန်၊ မိမိတို့နာမည် မဲစာရင်းတွင် ပါမပါ သေချာစွာ စစ်ဆေးရန်၊ အရေးကြီးလျှင် သွေးနီးကြရန်၊ (၅) နှစ်မှ တကြိမ်အခွင့်အရေးရသည်မို့ မဲတပြား၏ တန်ဖိုးကိုသိရှိပြီး မိမိ၏တာဝန်ကို မိမိကျေပွန်စွာ လုပ်ဆောင်သင့်ပါကြောင်း ရှင်းလင်း ဟောပြောခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်လာသောမိဘပြည်သူများ (၆၀၀) ကျော်ရှိကြောင်း သတင်းရရှိပါသည်။

ခွန်အောင်ထွိုက်ဗွေ


Powered by Blogger.