Thursday, September 10, 2015

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ကျောက်တန်းဘုန်းတော်ကြီးကျောင်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဟောပြောပွဲအခမ်းအနား ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်




၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်နေ့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ကျောက်တန်းဘုန်တော်ကြီးကျောင်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) လွှတ်တော်ကိုယ် စားလှယ်လောင်းများ တရားဟောပွဲအခမ်းအနား ပြုလုပ်ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ရှေးဦးစွာ ကျောက်တန်းဆရာတော်ထံမှ ငါးပါသီလခံယူပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့ရာ မျင်,မိုရ်;ခမ်းမှ ခမ်းဗွေဖြားဆရားခေါင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ထို့နောက် ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေမှ မိမိတို့ (၅)  နှစ်တာကာလအတွင်း လုပ်ဆောင်ခဲ့သော ဒေသဖွံဖြိုးရေးများကို မိဘပြည်သူများအား ရှင်းလင်းပြောပြပြီ၊ ယခုအချိန်သည် ပအိုဝ်းတစ်မျိုးသားလုံးအတွက် အရေးကြီးသည့်အချိန်ဖြစ်၍ ပအိုဝ်းမိဘပြည်သူများအနေဖြင့် လာမည့် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ(၈)ရက်တွင် ကျရောက်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲထည့်ရမည်ဖြစ်သဖြင့် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် မှန်မှန်ကန်ကန်ရွေးချယ်ရန်၊ မဲတပြား၏တန်ဖိုး အရေးကြီးပုံ၊ မိမိတို့ပအိုဝ်းလူမျိုးများ အရေးကြီးလျှင် သွေးနီးကြရန်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၏ သမိုင်းကြောင်း မူဝါဒများ၊       ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စရပ်များ၊ လာမည့်ရွေးကောက်ပွဲ အခြေအနေများနှင့် ပက်သက်သည့်အကြောင်းအရာများကို ပြောကြားသွားခဲ့ပါသည်။



ဆက်လက်၍ ဟိုပုံးမြို့နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ရွေးကောက်အောင်နိုင်ရေးအဖွဲ့မှ မွိုးအောင်;ပေါ;မှ ရွေးကောက်ပွဲအောင်နိုင်ရေး ‘ငေါဝ်းတဲက်’ ကို ဟောကြားသွားခဲ့ပြီး ခွန်အောင်မြင့်မှ မဲပေးပုံမဲပေးနည်းစနစ်ကို မိဘပြည်သူများအား ရှင်းလင်းပြသွားရာ၊ ဟိုပုံးမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခွန်ဖြူမှ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မိဘပြည်သူများအား တိုက်တွန်း စကားပြောကြားသွားခဲ့ကြောင်း သိရှိရပါသည်။
 
ခွန်အောင်းထွိုက်ဗွေ
   

Powered by Blogger.