တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်
ဆီဆိုင်မြို့နယ် ပအိုဝ်းအမျိုးသားအဖွဲချုပ်(PNO) လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ဒေသခံများမှ ကြိုဆိုနေကြပုံ |
၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်၊ ဗုဒ္ဓဟူးနေ့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာအုပ်စု၊ ကောင်ပန်းတန်ဘုန်းတော်ကြီးကျောင်းတွင် ကုံလောကျေးရွာ၊ ဘုရားစဲင်ကျေးရွာ၊ စံကားကျေးရွာ၊ ဟိုနောင်ကျေးရွာ၊ ၀ါးခြာကျေးရွာ၊ ကံကော်ကျေးရွာ၊ ခြောက်လောင်းကျေးရွာ၊ ပုံစွယ်ပင်ကျေးရွာ၊ ပင်အောင်ကျေးရွာ၊ ညိုးမွူးကျေးရွာများမှ ပြည်သူများနှင့်တွေ့ဆုံကာ မဲဆွယ်စည်ရုံးမူ ဟောပြောပွဲ ပြုလုပ်ကျင်းပခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ဦးဆုံးအနေဖြင့် ရှေးဦးစွာ တက်ရောက်လာသော မိဘပြည်သူများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများက ကောင်ပန်းတန်ကျောင်းဆရာတော်အား ရှိခိုးကန်တော့ကာ ငါးပါသီလခံယူခဲ့ကြပါသည်။
ထို့နောက် ဆီဆိုင်မြို့နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဥက္ကဌ ဦးခွန်ဆန်းဖေမှ မိဘပြည်သူများအား အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) မှ ဦးခွန်ကိုး၊ ဆီဆိုင်မြို့နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခွန်သန်းထူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ပယ်၊ ဦးခွန်စောင်းဝဲင်းတို့မှ ၂၀၁၅-ရွေးကောက်ပွဲနှင့် ပက်သက်၍ မိဘပြည်သူုများ သိသင့်သိထိုက်သည်များကို အသီးသီးပြောကြားခဲ့ပြီးမိဘပြည်သူများ မေးမြန်လာသည့် မေးခွန်းများကို
ပြန်လည်ဖြေကြားခဲ့ပါသည်။
ဟောပြောပွဲအပြီးတွင်ဆီဆိုင်မြို့နယ်၊ ပအိုဝ်းအနုပညာရှင်များဖြစ်သည့် ဦးခွန်စောင်းဝဲင်း၊ ဦးခွန်ဘာဂျ၊ ဦးခွန်ဗလ၊ ခွန်အောင်ရှိန်၊ ခွန်ထွန်းတင်၊ နန်းငဲးပေး၊ နန်းငဲဗိ စသည့် ဒေသခံအနုပညာရှင်များမှ
တက်ရောက်လာသည့် မိဘပြည်သူများအား သီချင်းဟာသများဖြင့် ဧည့်ခံဖျော်ဖြေပေးခဲ့ကြောင်း သိရှိရပါသည်။
ဆီဆိုင်မြို့နယ်၊ အနုပညာရှင်များအဖွဲ့မှ ဒေသခံမိဘပြည်သူများအာ ဖျော်ဖြေတင်ဆက်ပေးနေပုံ |
ခွန်ထွိုင်း (လွယ်ဆံဆစ်)
Like On Facebook
Follow On Twitter
Subscribe On RSS