တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၃) ရက်
|
Photos By ခွန်ရဲနောင် |
ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ (၅၁) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားကို (၁-၁၀-၂၀၁၅)ရက်နေ့တွင် တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူးနှင့် တပ်မတော်အရာရှိများ၊ ပြည်နယ်အဆင့် ခရိုင်အဆင့် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
|
Photo By ခွန်ရဲနောင် |
|
Photo By ခွန်ရဲနောင် |
အခမ်းအနားတွင် အစီအစဉ်အရ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးချုပ်အောင်အောင်မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ချုပ် နေပြည်တော်မှ ပေးပို့လာသည့် သ၀ဏ်လွှာအား ဖတ်ကြားခြင်းနှင့် ထူးချွန်ရဲတပ်ဖွဲ့ဝင်များ ဂုဏ်ပြုဆုများကို ပြည်နယ်ဝန်ကြီးချုပ်မှ လည်းကောင်း၊ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးမှ လည်းကောင်း အသီးသီးပေးအပ်ခဲ့ကာ (၉း၁၅) နာရီတွင် ပထမအခမ်းအနားအစီအစဉ် ပြီးဆုံးခဲ့သည်။
|
Photo By ခွန်ရဲနောင် |
|
Photo By ခွန်ရဲနောင် |
ထို့နောက် အခမ်းအနားတက်ရောက်လာသည့် ဧည့်သည်တော်များသည် ရှမ်းပြည်နယ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဆောင်ရွက်ခဲ့သော ဆောင်ရွက်မှုမှတ်တမ်းများကို လှည့်လည်ကြည့်ရှုကြပါသည်။ ၄င်းအခမ်းအနားသို့ (PNO)အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ) ကွပ်ကဲမှုစစ်ဌာနချုပ်ရုံးမှ စစ်ဦးစီးမှူး ဗိုလ်မှူးခွန်ဇော်ပျံ၊ ရုံးအဖွဲ့မှူး၊ စီးပွါးရေးဌာန (၂) တာဝန်ခံ၊ စီးပွါးရေးဌာန (၃) တာဝန်ခံ၊ ဗဟိုလုံခြုံရေးတပ်ဖွဲ့မှ ဗိုလ်ကြီးခွန်သန်းကြွယ်တို့ တက်ရောက်ခဲ့ပါသည်။
ဦးခွန်ရဲနောင် [ရုံးအဖွဲ့မှူး၊ (PNO)အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ) ကွပ်ကဲမှုစစ်ဌာနချုပ်]
Like On Facebook
Follow On Twitter
Subscribe On RSS