ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လွယ်အွန့်ကျေးရွာအုပ်စု၊ လွယ်အွန့်ကျေးရွာ၌ အောက်တိုဘာ(၇)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်သော ကျေးရွာမြေများ မြေငှားဂရန်ထုတ်ပေးခြင်း အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်အေးမောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းကိုတို့က ကျေးရွာနေ ရွာသူရွာသား(၅၉)ကို ကျေးရွာမြေများ မြေငှားဂရန် ထုတ်ဝေပေးခဲ့ပါသည်။
ကျေးရွာမြေများ မြေငှားဂရန်ထုတ်ပေးခြင်းနှင့် ပတ်သက်၍ “ ကျွန်တော်တို့က နိုင်ငံတော်၏ လမ်းညွှန်ချက်အရ တစ်မြို့နယ်ကို တစ်ရွာ မြေငှားဂရန် ထုတ်ပေးပါဆိုလို့ ကျွန်တော်တို့ ထုတ်ပေးရခြင်း ဖြစ်ပါတယ်၊ နိုင်ငံတော်က စေတနာထားသလို ပြည်သူများကလည်း နိုင်ငံတော်စေတနာကို နားလည်တဲ့အနေနှင့် နိုင်ငံတော်ကို အခွန်ပြန်လည် ပေးအပ်ဖို့ လိုပါတယ်”ဟု ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က ပြောကြားခဲ့သည်။
လွယ်အွန့်ကျေးရွာနေ ရွာသားတစ်ယောက်ကလည်း “ ဒီလို မြေငှားဂရန်ထုတ်ပေးလို့ အထက်လူကြီးတွေ ၀မ်းသာသလို ကျွန်တော်တို့က ပိုပြီးဝမ်းသာရပါတယ်၊ ဒီမြေဂရန်က ကျွန်တော်တို့ပြည်သူတွေကို အများကြီးအကျိုးပြုစေတဲ့အရာ ဖြစ်တဲ့အတွက် အခုလို လာရောက်ထုတ်ပေးလို့ အရမ်းဘဲ ဂုဏ်ယူပါတယ်”ဟု မြေဂရန် ထုတ်ပေးခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင် စကားပြောကြားခဲ့ပါသည်။
မြေဂရန်ထုတ်ပေးခြင်းနှင့် ပတ်သက်၍ လွယ်အွန့်ကျေးရွာအတွက်(၁၁၀)ဦး ထုတ်ပေးသွား မည်ဖြစ်ကြောင်း၊ ထို့ပြင် ပင်လောင်းမြို့နယ်တွင် ပင်လောင်းကြီးကျေးရွာကို ထုတ်ပေးခဲ့ပြီးဖြစ်၍ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါဝ်ကျေးရွာကိုလည်း ဆက်လက်ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
ခွန်ထင်းလေအောင်း
Like On Facebook
Follow On Twitter
Subscribe On RSS