Sunday, October 11, 2015

ညောင်ရွှေမြို့၊ ရွှေကျွန်မျှောဟိုတယ်(၂)၌ ‘‘Community Involved Tourism Facilitation Training’’ သင်တန်း ကျင်းပပြုလုပ်

 တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်



၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ(၉)ရက်နေ့ နံနက်(၉)နာရီက ညောင်ရွှေမြို့၊ ရွှေကျွန်မျှောဟိုတယ်(၂)၌ ‘‘Community Involved Tourism Facilitation Training’’ သင်တန်း ကျင်းပပြုလုပ်ခဲ့ပါသည်။ ဤသင်တန်းတွင် သင်တန်းသူ/သား အယောက် (၂၀) တက်ရောက်ပြီး ထိုင်နိုင်ငံ၊ ချင်းမိုင်ရှိ CBT-I တက္ကသိုလ်မှ ကျွမ်းကျင်ပညာရှင်ဖြစ်သည့် MRS JARANYA (DIRECTOR OF CBT-I Thailand, DEI POOMKACHA, FOUNDER OF CBT-I Thailand, Chain mai) မှ ပို့ချပေးမည်ဖြစ်ပြီး သင်တန်းသူ/သင်တန်းသားများမှာ စီမံကိန်းပြုလုပ်မည့်ကျေးရွာများတွင် အမှန်တကယ် ပြန်လည်ပို့ချ ပံ့ပိုးပေးမည့်သူများဖြစ်ပါသည်။



ဤစီမံကိန်းကို ပါရမီဖွံ့ဖြိုးရေးကွန်ယက် ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်နှင့် Myanmar Institute for Integrated Development –MIID) တို့ပူးပေါင်းဆောင်ရွက်ပြီး (ဂျာမနီနှင့်ပူးပေါင်းဆောင်ရွက်မှု-GIZ) ၏အကူအညီဖြင့် Bed & Breakfast ခရီးသွားလုပ်ငန်းတစ်ရပ်ကို နိုင်ငံတော်မှခွင့်ပြုသည့် ပအိုဝ်းဒေသ(၉)နေရာအနက်၊  ပထမ Pilot Project (၃) နေရာဖြစ်သည့် ကျောက်တလုံး မြို့နယ်ခွဲအတွင်း မွေတော်ကက္ကူ၊ ထီနဲ့ကျေးရွာနှင့် ညောင်ရွှေမြို့နယ်ရှိ အင်းနီကျေးရွာတို့တွင် နိုင်ငံတော်၏ ခွင့်ပြုမိန့်ဖြင့်လုပ်ငန်း အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
ပါရမီဖွံ့ဖြိုးရေးကွန်ယက် ဥက္ကဌဦးအောင်ခင်မှတွေ့ဆုံပြောကြားရာမှာ ‘‘ဤသင်တန်းသည် မြန်မာပြည်မှာ ပထမဦးဆုံးသောမံကိန်းနှင့်ပထမဦးဆုံးသော သင်တန်းဖြစ်ပါကြောင်း၊  GIZ ,MIID ၏အကူအညီနဲ့ ကျွန်တော်တို့ ပါရမီအဖွဲ့မှ ဦးဆောင်ပြီး ရွှေကျွန်းမျှောဟိုတယ်လုပ်ငန်းစုနှင့် PNO တို့ကအကောင်အထည်ဖော်မှာဖြစ်ကြောင်း၊ ဤလုပ်ငန်းသည် ပထမဆုံးခြေလှမ်းဖြစ်သောကြောင့် လွယ်ကူမည်မဟုတ်ကြောင်း၊ ထိုလုပ်ငန်းက ထွက်လာမည့် Paper တွေကို မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားကိုပေးအပ်သွားမည်ဖြစ်ပြီး ၎င်းတို့မှ ရလာတဲ့resultကို ကြည့်ပြီး အခြားဒေသလည်း ဆက်လုပ်ဆောင်သွားဖို့ရှိကြောင်းနှင့် ဤုလုပ်ငန်းတွင် ပါဝင်သူတိုင်း တာဝန်ကိုကျေပွန်ကြပါရန် လိုအပ်ကြောင်း’’ ပြောကြားခဲ့ပါသည်။
‘‘ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကို ၁၉၉၆ ကနေယနေ့ထိလုပ်ကိုင်လာတာ နှစ်ပေါင်း (၂၀)ဆိုသော်လည်း ထိုင်းနိုင်ငံလောက်နည်းစနစ်မရှိသေးပါကြောင်း၊ ကျွန်တော်တို့ လုပ်ငန်းအောင်မြင်ဖို့ အစအဆုံးဇွဲရှိရှိနဲ့ ပါဝင်သူ အားလုံး ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် ဒီ Community Involved Tourism(CIT) လုပ်ငန်းက ကမ္ဘာကျော်၊ နိုင်ငံကျော်ဖြစ်သွားနိုင်ကြောင်း” ရွှေကျွန်းမျှော ဟိုတယ်အထွေထွေမန်နေဂျာ ဦးမောင်ငွေမှ ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသွားခဲ့ကြောင်း သိရှိရပါသည်။
 
နင်,ဟွမ်ပေ;

Powered by Blogger.