Monday, October 12, 2015

ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပင်လောင်းမြို့နယ်၊ ဘန့်ဘာကျေးရွာအုပ်စု၊ ပင်ခွန် ဘုန်းတော်ကြီးကျောင်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ မဲဆွယ်မှု ဟောပြောပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်



ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီမှ ၂၀၁၅- ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဆက်တိုင်ဆိုသလို မဲဆွယ်မှု ဟောပြောပွဲများပြုလုပ်လျှက်ရှိရာ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ(၁၁)ရက်၊ တနင်္ဂနွေနေ့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ဘန့်ဘာကျေးရွာအုပ်စု၊ ပင်ခွန်ဘုန်းတော်ကြီးကျောင်းတွင် မဲဆွယ်မှုဟောပြောပွဲ ဆက်လက်ကျင်းပခဲ့ပါသည်။




အဆိုပါမဲဆွယ်မူ စည်းရုံးဟောပြောပွဲအခမ်းအနား၌ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ ဗဟိုအလုပ်မှုဆောင် ဦးခွန်လှမောင်က ပအိုဝ်းသမိုင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး  ၂၀၁၅ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်အဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည့် ဟိုပုံးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေက မြန်မာ့နိုင်ငံရေးအခြေအနေနှင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာများကို သော်လည်းကောင်း၊ ပင်လောင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အနေဖြင့် ဆက်လက်ဝင်ပြိုင်မည့် ဦးခွန်မောင်သောင်းက ရွေးကောက်ပွဲဆိုင်ရာသုံးသပ်ချက်ကို သော်လည်းကောင်း၊ ပင်လောင်းမြို့နယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(၁) ဦးခွန်လှဆန်းက ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO)ပါတီ၏ ဆောင်ရွက်ပြီးသော လုပ်ငန်းအခြေအနေနှင့် ဆက်လက် လုပ်ဆောင်ရန်ရှိသော လုပ်ငန်းအစီအစဉ်များကို သော်လည်းကောင်း၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO)ပါတီ ကိုယ်စားလှယ် ဦးခွန်စောထီးက ရွေးကောက်ပွဲဆိုင်ရာ မဲပေးပုံပေးနည်း သော်လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြ ဟောပြောသွားခဲ့ပါသည်။




အဆိုပါ မဲဆွယ်မှု စည်းရုံးဟောပြောပွဲ အခမ်းအနားတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့များနှင့် မိဘပြည်သူများ(၁၅၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း၊ အဆိုပါ ဘန်းဘာကျေးရွာအုပ်စုတွင် ပအိုဝ်းလူမျိုးများသာနေထိုင်ကြပြီး အိမ်တိုင်း ပအိုဝ်းအလံနှင့် ပါတီအလံများ တပ်ဆင်ထားကြကြောင်း သိရှိရပါသည်။



ခွန်ထင်းလေအောင်း
Powered by Blogger.