Friday, November 27, 2015

ပအိုဝ်းတိုင်းရင်းသားများမှ မှိုင်းရှူးမြို့နယ် စစ်ဘေးရှောင်ပြည်သူများအား ထောက်ပံ့ငွေ(၃၂)သိန်းကျော်နှင့် စားသုံးကုန်ပစ္စည်းများ ပေးအပ်လှူဒါန်း

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်





ပအိုဝ်းစာပေမြှင့်တင်ပြန့်ပွားရေး သံဃာတော်များမှဦးဆောင်၍ ပအိုဝ်းတိုင်းရင်းသားများက
၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ(၂၇)ရက်၊သောကြာနေ့၊တောင်ကြီးမြို့၊ ဝေဠုဝန်ကျောင်းတိုက်တွင် ဖွင့်လှစ်ထားရှိသော စစ်ဘေးရှောင်ဒုက္ခသည် ကယ်ဆယ်ရေးစခန်း၌ စစ်ဘေးရှောင်ပြည်သူများအား ထောက်ပံ့ငွေ(၃၂)သိန်းကျော်နှင့် စားသုံးကုန်ပစ္စည်များ ပေးအပ်လှူဒါန်းခဲ့ပါသည်။



အဆိုပါ မှိုင်းရှူးမြို့နယ် စစ်ဘေးရှောင်ပြည်သူများ  အလှူငွေနှင့် စားသုံးကုန်ပစ္စည်များ ပေးအပ်လှူဒါန်းပွဲသို့ ဆရာတော် စန္ဒာဝရ(ပိဋကတ်ဘာသာပြန်ဗဟိုရုံး)၊ ဆရာတော် အိန္ဒာဝုဒ(စခဲုင်း)၊ ဆရာတော် သုဇန( အေးစေတီ)၊ ဆရာတော် အာနန္ဒ(ပုံဆွေပင်)၊ ဆရာတော် ကုန၀ံသာလကာင်္ရ(စူဠာမုနိ)၊ ဆရာတော် ဇီနောရသ(နောင်ကားမြောက်)တို့နှင့် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ ပအိုဝ်းအနုပညာအဖွဲ့၊ ပအိုဝ်းအမျိုးသမီးများအဖွဲ့မှ လူကြီးမင်းများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
ထိုသို့ လှူဒါန်းခြင်းနှင့် ပတ်သက်၍ “ ဆရာတော်တို့ အခုလို လှူဒါန်းရတာဟာ တိုင်းရင်းသားများအချင်းချင်း တစ်ဦးကိုတစ်ကို အပြန်အလှန် ဖေးမကူညီတဲ့ စိတ်စေတနာ တစ်ခုပါ”ဟု ဆရာတော် စန္ဒာဝရက မိန့်ကြားသွားပါသည်။
မှိုင်းရှူးမြို့နယ် စစ်ဘေးရှောင် ပြည်သူများအား လှူဒါန်းရာတွင် ထောက်ပံ့ငွေ(၃၂၇၂၀၀၀)ကျပ်နှင့် စာသုံးကုန်များ ဖြစ်သော ဆန်၊ ဆီ၊ ဆား၊ အာလူး၊ ကြာဇံနှင့် အခြားအသုံးအဆောင်ပစ္စည်းများ ပါရှိကြောင်း သိရှိရပါသည်။

ခွန်ထင်းလေအောင်း
   
   
   
Powered by Blogger.