Tuesday, December 1, 2015

တောင်ကြီးမြို့မြို့တော်ခန်းမတွင် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်



၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်၊ တောင်ကြီးမြို့၊ မြို့တော်ခန်းမရှိ ယနေ့နံနက် (၉း၀၀) နာရီအချိန်တွင် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်မှ အဖွင့်မိန့်ခွန်းမြွက်ကြားပေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ မိန့်ခွန်းမြွက်ကြားပေးခဲ့ရာတွင် AIDS ရောဂါ တိုက်ဖျက်သည့်နေရာမှာ နိုင်ငံတော်သမ္မတ ဦးဆောင်မှုအရ HIV ပိုးကူးစက်တိုက်ဖျက်ရေး ခွဲခြားဆက်ဆံမှုမရှိအောင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဖော်ထုတ်ပေးခြင်း၊ တိုက်ဖျက်ပေးခြင်း၊ ကုသပေးခြင်း၊ အချိန်နှင့်တပြေးညီ ကူးစက်မှုမခံစားရအောင် ဆောင်ရွက်ရမည်ဟု မိန့်ခွန်းမြွက်ကြားပေးခဲ့ပါသည်။






ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်၏ မိန့်ခွန်းအား ရှမ်းပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမိုးဆွေမှ ဖတ်ကြားပေးခဲ့ရာမှာ ပြည်သူလူထုများ နိုးကြားလာစေရန်အတွက် နှစ်စဉ်နှစ်တိုင်း HIV ပိုး ရှိမရှိ သွေးစစ်ဆေးပေးခဲ့ရာ HIV ပိုးများရှိခဲ့လျှင် အချိန်နှင့်တပြေးညီ ART (အေအာတီ) ဆေးဖြင့် ကုသပေးလျက်ရှိရာ ကမ္ဘာ့ကုလသမ္မဂ္ဂ အဖွဲ့မှ အဖွဲ့ဝင် နိုင်ငံပေါင်း (၁၉၂) နိုင်ငံလက်မှတ်ရေးထိုးကြောင်း သိရှိရပါသည်။  မြန်မာနိုင်ငံတွင် ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့ကစပြီး ယနေ့အချိန်ထိ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးဆက်ရောဂါ တိုက်ဖျက်ရေးနေ့ကို နှစ်စဉ်နှစ်တိုင်း (၂၇) ကြိမ်မြောက်ကျင်းပခဲ့ပါသည်။
ထို့နောက် ပြည်နယ်ခုခံကျ/ ကာလသားရောဂါတိုက်ဖျက်ရေးအဖွဲ့မှ  အဖွဲ့ခေါင်းဆောင် ဒေါက်တာရဲထွဋ်မှ ရှမ်းပြည်နယ် ခုခံကျ / ကာလသားရောဂါတိုက်ဖျက်ရေးစီမံချက်လုပ်ငန်းများအား  ရှင်းလင်းတင်ပြရာ တွင် HIV ခံစားနေရသော ဝွေဒနာရှင်များကို  ရှမ်းပြည်နယ်တစ်ပြည်နယ်အနေဖြင့် လူကြီး (၈၉၉၂) ဦး၊ ကလေး (၇၂၄) ဦး ရောဂါခံစားနေရပြီး တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်လာသည်ကို တွေ့မြင်နေရကြောင်း ရှင်းလင်းပြော ကြားပါသည်။
ဆက်လက်ပြီး ကျန်းမာရေးဦးစီးဌာန၊ ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးစီမံချက်နှင့် ပြည်နယ် ပညာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကာတွန်းပြိုင်ပွဲများနှင့် ရှမ်းပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ဥာဏ်စမ်း ဗဟုသုတဖြေဆိုခြင်းပြိုင်ပွဲများကို ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုရရှိသော ကျောင်းသား၊သူများအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းတို့မှ အသီးသီးဆုချီးမြှင့်ပေးခဲ့ကြောင်း သိရှိရပါသည်။
ထိုနောက် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို နေခြည်ဖူး အဖွဲ့သားများမှ နေခြည်ဖူးတို့အိမ်များ၏ သီးချင်းကို ဖျော်ဖြေတက်ဆက်ပေးခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရှိရပါသည်။
 
နန်းမိုးမိုးခိုင်
Powered by Blogger.