Tuesday, December 1, 2015

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၊ သီရိမင်္ဂလာ ရွှေချမ်းသားမွေတော်ဘုရားကြီး ဗုဒ္ဓဘိသေက အနေဇာတင်လှူပွဲနှင့် ဗုဒ္ဓရုပ်ပွားဆင်းတုတော် ဂန္ဓကုဋီရွှေကျောင်းတော်အား ရွှေသင်္ကန်ကပ်လှူပွဲ ပြုလုပ်

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်



၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလလ (၃၀) ရက်၊ တနင်္လာနေ့ နံနက် (၉) နာရီအချိန်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၊ သီရိမင်္ဂလာ ရွှေချမ်းသားမွေတော်ဘုရားကြီး ဗုဒ္ဓဘိသေက အနေဇာတင်လှူပွဲနှင့် ဗုဒ္ဓရုပ်ပွားဆင်းတုတော် ဂန္ဓကုဋီရွှေကျောင်းတော်အား ရွှေသင်္ကန်ကပ်လှူပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။




အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌဦးခွန်စံလွင်နှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ၊ သက်ဆိုင်ရာဌာနများမှ လူကြီးမင်းများ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ရှေးဦးစွာ ဆရာတော် သံဃာတော်များမှ အနေဇာတင်ပူဇော်ခြင်းနှင့် နမောတဿ       (၃ ) ကြိမ်ရွတ်ဆို ဘုရားရှိဦးကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် အလှူဒါယိကာ/မ များက သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်ယူပြီး ပရိတ်တရားတော်များ နာယူပန်ဆင်ခဲပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
အဆိုပါအလှူနှင့် ပက်သက်၍ အနုမောဒတရားနာယူပန်ဆင်ခြင်း လှူဒါန်းမူအစုစုတို့အတွက် ရေစက်ချအမျှပေးဝေပြီး အလှူမင်္ဂလာအခမ်းအနားကို ဗုဒ္ဒသာသနံ စိရံတိဌတု (၃) ကြိမ်ရွက်ဆိုဆုတောင်း၍ အခမ်းအနားအောင်မြင်စွာ ပြီးမြှောက်ခဲ့ကြောင်း သိရှိရပါသည်။
 
ခွန်အောင်သိန်း

Powered by Blogger.