Monday, December 21, 2015

တောင်ကြီးမြို့ ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေ ပြဌာန်းချက် အသိပညာပေးပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်



တောင်ကြီးမြို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ်(၁၈)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲနှင့် ရပခ အဖွဲ့တို့သည် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ရဲမာန်(၁)ဧည့်ရိပ်သာရှေ့တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ပြုလုပ်ကျင်းပပွဲကို ဒီဇင်ဘာ ၂၁-၂၀၁၅ နံနက် ၈း၀၀ နာရီအချိန်မှ ညနေ ၃း၀၀ နာရိအထိ ၂၀၁၅၊ခုနှစ် မော်တော်ယာဉ်ဥပဒေ ပြဌာန်းချက် အသိပညာပေးကို ပြုလုပ်ပကြောင်း သတင်းရရှိသည်။




အဆိုပါ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအသိပညာပေးပွဲတွင် ဆိုင်ကယ်စီးဦးထုပ်အလုံး(၂၀၀)ကျော်နှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလမှ နိုဝင်ဘာလအထိ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း ယာဉ်မတော်တဆမှုကြောင့် တစ်ရက်ဖြစ်ပွားမှု (၂)မှုနှုန်း၊ တစ်ရက်ဒဏ်ရာရ ၂ ဦးနှုန်း၊ နှစ်ရက်သေဆုံးမှု ၁ ဦးနှုန်း ဖြစ်ပွားလျက်ရှိပြီး သင့်မိသားစုက ဘေးမသီရန်မခ အိမ်းပြန်ရောက်ချိန် စောင့်မျော်နေသည်ကို သတိပြုဖို့ ယာဉ်တိုက်မှုဖြစ်လျှင် ဆေးရုံ ဆေးခန်း ရဲစခန်း ရောက်ပြီး နောက်ဆုံးတွင် ဘ၀နိဂုံးချုပ်သည့်တိုင်အောင် ခံစားရပြီး ဆိုင်ကယ်ဦးထုပ်ဆောင်းသော်လည်း မေးသိုင်းကြိုးမတပ်လျှင် အသက် အန္တရာယ်မှ ကာကွယ်မှုမပေးနိုင် တားမြစ်ခြင်းနှင့် ကန့်သတ်ခြင်းလမ်းညွှန်များ မသိရှိခြင်း အမိန့်ပေးခြင်း လမ်းညွှန်များ နားမလည်ခြင်း အန္တရာယ်သတိပေးလမ်းညွှန်များကို မလိုက်နာခြင်းကြောင့်လည်း မိမိအတွက် အသက်အန္တရာယ်များစွာ ကြုံတွေ့ရနိုင်ကြောင်း ရဲမှူးကြီးမျိုးဇော်အောင်က ပြောကြားခဲ့သည်။
မော်တော်ကား မော်တော်ဆိုင်ကယ်ယာဉ်များကို မောင်းနှင်သူတိုင်း ယာဉ်မရပ်ရသောနေရာများ မမောင်းရ ဟူသောနေရာများ ကျော်မတက်ရဟူသောနေရာများ ရပ်ဟူသောနေရာများတွင် သတိကြီးစွာဖြင့် ယာဉ်များကို မောင်းနှင်ကြရန် ၎င်းရဲမှူးကြီးက သတိပေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
 
ခွန်အောင်ထွိုက်ဗွေ
Powered by Blogger.