Monday, December 21, 2015

ရှမ်းပြည်နယ်တွင် ဟန်းဖုန်းသုံးစွဲမှုအခြေအနေများ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်




 ရှမ်းပြည်နယ် ၂၀၁၄-၂၀၁၅ ခုနှစ်တွင် လက်ကိုင်ဖုန်းများသုံးစွဲမှုအခြေအနေများမှာ Huawei အမှတ်တံဆိပ် သုံးစွဲသူ ၃၁.၃ ရာခိုင်နှုန်း Samsung အမှတ်တံဆိပ်သုံးစွဲသူ ၁၅.၅ ရာခိုင်နှုန်း  Sony အမှတ်တံဆိပ်သုံးစွဲသူ ၁၀.၁ ရာခိုင်နှုန်းရှိပြီး MI၊ OPPO၊ Vivo၊ iphone ၊ KanBo၊ Coolpad ဖုန်းများသုံးစွဲသူများလည်း များလာကြောင်း သိရှိရသည်။




တောင်ကြီးမြို့ပေါ်တွင် Huawei၊ Coolpad အမှတ်တံဆိပ်များ ရောင်းအားအကောင်းဆုံးဖြစ်ပါတယ်။ ၎င်းဖုန်းတွေဟာ ဈေးအသင့်ရှိပြီး လူတိုင်းသုံးနိုင်ရန်အတွက် အနည်းဆုံး(၇၀၀၀၀)ခုနှစ်သောင်းကျော်တန် ထွက်ရှိသည့်အတွက် ရောင်းအားအကောင်းဆုံးဖြစ်ပါတယ်။ MI ဖုန်းဟာ ပေးရတဲ့ဈေးနဲ့တန်ပြီး ပစ္စည်းအရည် အသွေးကောင်း ဈေးနှုန်း ၁၃၀၀၀၀ တစ်သိန်းသုံးသောင်းဝန်းကျင် SONY Brand ကြိုက်တဲ့လူတွေသုံးကြတယ်။ MPT Telenor လှိုင်းများကို လူတွေအများဆုံး သုံးစွဲကြတယ်လို့ သိရှိရပါသည်။
ဒီဇင်ဘာ ၂၁ ရက်နေ့ ၂၀၁၅ ခုနှစ် New word (2) မိုဘိုင်းဖုန်းဆိုင် ဒေါ်မူနန်းအောင် ပြောပြချက်အရ လက်ကိုင်ဖုန်းများ၏ ဈေးနှုန်းများမှာ Huawei အနည်းဆုံး ခုနှစ်သောင်းဝန်းကျင်၊ Coolpad သုံးသောင်းကျော်၊ SONY တစ်သိန်းတစ်သောင်းဝန်းကျင်၊ OPPO ကိုးသောင်းကိုးထောင်ဝန်းကျင်၊ Vivo တစ်သိန်းတစ်သောင်း နှစ်ထောင်ဝန်းကျင်၊ MI ရှစ်သောင်းရှစ်ထောင်ဝန်းကျင်၊ iphone ကတော့ဈေးနှုန်း အမျိုးမျိုးရှိပြီး အခြားသော Model များမှာ အနည်းဆုံး ငါးသောင်းဝန်းကျင်ရှိကြောင်း သိရှိရသည်။
New word (2) Mobile Shop ဆိုင် တောင်ကြီးမြို့တွင် ဖုန်းနှင့် ငွေဖြည့်ကဒ်ကို အရောင်းကိုယ်စားလှယ်များ လက်လီလက်ကား မှာယူရှိနိုင်ပါကြောင်းသတင်းရရှိသည်။
 
ခွန်ထွိုက်ခမ်း

Powered by Blogger.