တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်
ဒီဇင်ဘာ၂၀-၂၀၁၅ ရက်နေ့ တောင်ကြီးမြို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုဌာနချုပ်ရုံး နံနက် ၈း၀၀ အချိန်တွင် အသေးစားနှင့်အလတ်စားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသင်တန်းကို ဆရာဖြစ်သင်တန်း ဖွင့်လှစ်သင် ကြားပေးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ သင်တန်းတွင် "လက်ရှိစီးပွားရေးလုပ်ကိုင်သူများအတွက် စီးပွားရေးလုပ်ငန်းများကို တိုးတက်အောင် ပြုလုပ်ခြင်း စီးပွားရေးလုပ်ငန်းဆိုင်ရာ စိတ်ကူးများကို ဖြစ်ပေါ်စေခြင်း၊ အသေးစားစွန့်ဦးတီထွင်သူများအတွက် ကျေးလက်ဒေသများအား လူနေမှုဘ၀စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ စီးပွားရေးလုပ်ငန်းများကို စတင်လုပ်ကိုင် သူများအနေဖြင့် အဓိကရည်ရွယ်ပြီး သင်ကြားပေးခဲ့သည်ဟု" ဆရာမဒေါ်လဲ့လဲ့ဝင်းသန်းက ပြောကြားခဲ့ကြောင်း သိရပါသည်။
ထိုအသေးစားနှင့်အလတ်စားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသင်တန်း ဆရာဖြစ်သင်တန်းတွင် ဒီဇင်ဘာ၂၀- မှ ၂၄-ရက်နေ့အထိ ၅ရက်သင်တန်းကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုဌာနချုပ်ရုံးရှိ ၀န်းထမ်းများ တက် ရောက်သင်ကြားခဲ့ကြောင်းလည်း သိရသည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုဌာနချုပ်ရုံးရှိ ၀န်းထမ်းများမှ "မိမိတို့အနေဖြင့် ၎င်းစီးပွားရေးသင်တန်းကို တက်ရောက်ပြီးကာလတွင် မြို့နယ်များနှင့်ကျေးလက်ဒေသရှိ ရွာများသို့ ပြန်လည် သွားရောက်ပိုချပေးသွားမည်ဖြစ်ကြောင်း" ရုံးအဖွဲ့မှူး ဆရာစောခွန်ကျော်ဝင်းက ပြောကြားခဲ့ပါသည်။ ၎င်းအသေးစားနှင့် အလတ်စားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသင်တန်းတွင် သင်တန်းတက်ရောက်သူဦးရေ(၁၉) ယောက်ရှိကြောင်း သတင်းရရှိသည်။
ခွန်ဗန်ထို
Like On Facebook
Follow On Twitter
Subscribe On RSS