Monday, December 28, 2015

တောင်ကြီးမြို့နယ် ထီဖေါင်းအုပ်စု၊ တံတားမီးလောင်းကျေးရွာ နှစ်ခြင်းခရစ်ယာန်အသင်းတော် ဘုရားကျောင်းတွင် ခရစ်စမတ်ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်



၂၆-၁၂-၂၀၁၅၊ တောင်ကြီးမြို့နယ် ထီဖေါင်းကျေးရွာအုပ်စု၊ တံတားမီးလောင်းကျေးရွာ နှစ်ခြင်းခရစ်ယာန် အသင်းတော်ဘုရားကျောင်းတွင် ပြုလုပ်ကျင်းပသော ခရစ္စမတ်ဝတ်ပြုဆုတောင်းပွဲ အခမ်းအနားသို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် အတွင်းရေးမှူး(၃)ဦးခွန်တင်ထွဋ်နှင့် ရုံးအဖွဲ့မှူးစောခွန်ကျော်ဝင်းတို့ တက်ရောက်အားပေးပြီး၊ ပအိုဝ်းတိုင်းရင်းသားတို့ခေါင်းဆောင်များသမိုင်း ၁၉၉၁-ခုနှစ် ငြိမ်းချမ်းရေးယူပြီး ယနေ့အချိန်ထိ ပြုလုပ်ဆောင်ရွက်ခဲ့သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအကြောင်း မိမိတို့ရိုးရာ ယဉ်ကျေးမှုဖြစ်သော ဘာသာစကား၊ စာပေ အ၀တ်အစားများကို ထိန်းသိမ်းရန်လိုအပ်ကြောင်းနှင့် ခရစ်တော်မွေးနေ့တွင် ကိုယ်၏ချမ်းသာခြင်း၊ စိတ်၏ချမ်းသာခြင်းရှိပါစေကြောင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ပါစေကြောင်း ဆုတောင်းပြီး ခရစ်တော်မွေးနေ့ ပွဲတော်အတွက် အလှူငွေများကိုလည်း ပေးအပ်လှူဒါန်းခဲ့ကြောင်း နေ့လည် (၁၂း၀၀) တွင်အခမ်းအနားပြီးဆုံးကြောင်း သတင်းရှိပါသည်။
 
ခွန်ဗန်ထို
Powered by Blogger.