Monday, December 28, 2015

တောင်ကြီးမြို့နယ် ပန်သခွါးနှစ်ခြင်းခရစ်ယာန်ဗိမာန်တော်တွင် ခရစ္စမတ်မွေးနေ့တော်ဝတ်ပြုကိုးကွယ်ခြင်း အခမ်းအနားသို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အတွင်းရေးမှူး(၃) ဦးခွန်တင်ထွဋ် တက်ရောက် အမှာစကားပြောကြား

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်


တောင်ကြီးမြို့နယ် ပန်သခွါးနှစ်ခြင်းခရစ်ယာန်ဗိမာန်တော်တွင် ခရစ္စမတ်မွေးနေ့တော်ဝတ်ပြုကိုးကွယ်ခြင်း အခမ်းအနားကို ဒီဇင်ဘာ ၂၇ - ၂၀၁၅ ရက်နေ့ မနက် (၁၀း၀၀)နာရီအချိန်တွင်  ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)  အတွင်းရေးမှူး(၃) ဦးခွန်တင်ထွဋ်က တက်ရောက်ချီးမွမ်းဆုတောင်းအမှာစကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။





ထိုသို့ အမှာစကားပြောကြားခဲ့ရာတွင် ကျွန်တော်တို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်အနေဖြင့် ယခင်နှစ်တွေက ခရစ္စမတ်ပွဲတော်ကို လာရောက်ပြီးအားမပေးရတဲ့အတွက် ကျွန်တော်တို့အနေနဲ့ နှစ်စဉ်နှစ်တိုင်းအမြဲတမ်း သတိ ရပါကြောင်း၊ အခုဒီနှစ်မှာ ကျွန်တော်တို့နှင့် လူမျိုးခြင်းတူပြီး ကိုးကွယ်သည့်ဘာသာခြင်းမတူသော်လည့်း မေတ္တာစေတနာ အပြည့်အ၀ဖြင့် ပူးပေါင်းပါဝင်ပြီး အတူပျော်ရွှင်ခဲ့ရတာကိုလည်း နှစ်သက်အားရပီတိ ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
ထိုနောက် ဤဒေသသည် ပအိုဝ်းတိုင်းရင်းသားများ အများဆုံးရှိပါသဖြင့်  ကိုးကွယ်ခြင်းဘာသာမတူသော် လည်း မိမိတို့၏ပအိုဝ်းရိုးရာအ၀တ်အစား၊ ပအိုဝ်းစာပေ၊ ပအိုဝ်းစကား၊ ပအိုဝ်းလူမျိုးများသမိုင်း၊ ပအိုဝ်းတော် လှန်ရေးသမိုင်း၊ ပအိုဝ်းတို့၏  ဓလေ့ထုံး တမ်းများကို ထိန်းသိမ်းရန်လိုအပ်ကြောင်း၊ မြန်မာစာသည် နိုင်ငံတော်၏ ရုံးသုံးစာဖြစ်ပြီး အင်္ဂလိပ်စာသည် နိုင်ငံတကာသုံး ဘာသာရပ်ဖြစ်သဖြင့် လူတိုင်းတတ်မြှောက်ရန် လိုအပ် ကြောင်း၊ ဆက်လက်၍  တောင်ကြီးမြို့မှာရှိသော ပအိုဝ်းတိုင်းရင်းသားများ၏ လူမှုရေးအဖွဲ့အစည်းများ၊ ၁၉၉၁-ခုနှစ်မှ ငြိမ်းချမ်းရေးရယူပြီးသည့်နောက်ပိုင်း ယနေ့အချိန်ထိ  နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းဆောင် ရွက်သည့် ဘက်စုံဖွံ့ဖြိုးရေး လုပ်ငန်းများအကြောင်းကိုလည်း မိမိတို့ပန်သခွါးမှာရှိသော ဒေသခံမိဘပြည်သူများအားလုံး သိရှိထားရမှာဖြစ်ကြောင်း ပြောကြားပြီး အကူအညီလိုအပ်ပါက ကျွန်တော်တို့ ဗဟိုဌာနချုပ်ရုံးကို လာရောက် ဆက်သွယ်နိုင်ပါကြောင်း ရှင်းလင်းပြော ကြားခဲ့သည်။
ဆက်လက်၍ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ဗဟိုဌာနချုပ်ရုံးတွင်ရှိသော ဌာနပေါင်းတစ်ခုချင်းစီ၏ အ ကြောင်းကိုလည်း ရှင်းလင်းခဲ့ကြောင်းသိရှိရသည်။ ထိုနောက် အတွင်းရေးမှူး(၃)ဦးခွန်တင်ထွဋ်နှင့် ရုံးအဖွဲ့မှူး ဆရာစောခွန်ကျော်ဝင်းတို့က ခရစ္စတော်မွေးနေ့အတွက် အလှူငွေကိုလည်း ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သိရပါသည်။
ထိုခရစ္စမတ်မွေးနေ့ပွဲတော်ဝတ်ပြုကိုးကွယ်ခြင်း ပွဲတော်တွင် အသင်းတော် အသင်းသားများက သံစုံသီချင်း များဖြင့် သီဆိုခြင်း၊ အခြေပြုကျမ်းစာများဖတ်ကြားခြင်း၊ ကောင်းချီးမင်္ဂလာပေးခြင်း ကြွရောက်လာကြသော ဧည့်ပရိသတ်များကိုလည်း ဧည့်ခံကျွေးမွေပြီး နေ့လည်(၁၂း၃၀)အချိန်တွင် ၀တ်ပြုဆုတောင်းခြင်း အခမ်းအနား ပြီးဆုံးကြောင်း သတင်းရရှိသည်။

ခွန်ဗန်ထို




Powered by Blogger.