Wednesday, December 30, 2015

သေဒဏ်ပေးခံထားရသော မြန်မာနိုင်ငံသားနှစ်ဦးအား ပြန်လွှတ်ပေးရန်အတွက် လူအင်အားသုံးရာခန့်ဖြင့် တောင်ကြီးမြို့လယ် ဆန္ဒထုတ်ဖော်

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်


ဒီဇင်ဘာ ၃၀၊ ၂၀၁၅ ခုနှစ်၊ ဗုဒ္ဓဟူးနေ့၊ မွန်းလွှဲ (၁း၀၀)နာရီတွင် ထိုင်းနိုင်ငံ၊ လိပ်ကျွန်းလူသတ်မှုတွင် သေဒဏ်ပေးခံထားရသော မြန်မာနိုင်ငံသားနှစ်ဦးအား
 ပြန်လွှတ်ပေးရန်အတွက် လူအင်အားသုံးရာခန့်ဖြင့် တောင်ကြီးမြို့၊ ကံသာဓမ္မာရုံမှာလူစုပြီး နဂါးပွတ်ကျောင်းမီးပွိုင့်၊ မြကန်သာ၊ အရှေ့မြို့ပတ်လမ်း၊ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံအထိ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရှိရပါသည်။





အဆိုပါဆန္ဒပြပွဲတွင် လွန်ခဲ့သော ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ (၁၅) ရက် ဗြိတိန်နိုင်ငံသားနှစ်ဦးကို ထိုင်းနိုင်ငံကော့သောင်း (ခ)လိပ်ကျွန်းမှာ အသတ်ခံရသော လူသတ်မှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ ထိုင်းအစိုးရသိအောင် ဆန္ဒထုတ်ဖော်ကြောင်း သိရပါသည်။ ထိုအမှုများသည် မှန်ကန်မှုမရှိကြောင်း မြန်မာနိုင်ငံသားများကလည်း ယုံကြည်ထားကြကြောင်း၊ ကမ္ဘာပညာရှင်များကလည်း စောင့်ကြည့်နေကြကြောင်း၊ ထိုင်းနိုင်ငံ၏စစ်ဆေးချက်များနှင့်အင်္ဂလန်နိုင်ငံ၏ စစ်ဆေးတွေ့ရှိချက်များ ကွဲလွှဲနေကြောင်း၊ ထိုင်းနိုင်ငံမှုခင်းဆရာဝန်၏ စစ်ဆေးချက်အရ စွပ်စွဲခံရသော မြန်မာလူငယ်နှစ်ဦးကို သံသယဖြစ်ပွားဖွယ်ရာ သက်သေအထောက်အထားမတွေ့ရှိကြောင်း ၊ သေဆုံးသူ ဒေးဗစ် လက်ဝယ်တွင် တွေ့ရှိခဲ့သော ရွှေရောင်အမျှင်များမှာ မြန်မာလူငယ်နှစ်ဦးနှင့် လုံးဝပတ်သက်မှုမရှိကြောင်း၊ မှုခင်းစစ်ဆေးချက်များအရ (DNA) မတူညီကြောင်း၊ အခင်းဖြစ်ပွားသည့်နေရာတွင် မြန်မာလူငယ်နှစ်ဦးရှိမနေကြောင်း၊ လူသတ်မှုဖြစ်စဉ်၏ CCTV ကင်မရာမှတ်တမ်းအရ မြန်မာနိုင်ငံနှစ်ဦးနှင့် ပုံရိပ်၊ ပုံသဏ္ဍန် ကွဲပြားခြားနားနေကြောင်း၊ အထက်ပါကွဲလွှဲမှုရှိနေသော်လည်း ဒီဇင်ဘာ (၂၄) ရက်နေ့ကော့စမွီးတရားရုံးက ကော့သောင်း(ခ) လိပ်ကျွန်းလူသတ်မှုအတွက် မြန်မာနိုင်ငံသားနှစ်ဦး ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့ နှစ်ယောက်ကို
 သေဒဏ်ချမှတ်ခဲ့ကြောင်းနှင့် လမ်းကြောင်းတစ်လျှောက် ကြွေးကြော်သံများမှာ “မတရားမမှန်၊ သေဒဏ်ကျခံရသော ဇော်လင်းနှင့် ၀င်းဇော်ထွန်းလွတ်ပါစေ၊ လွတ်ပါစေ။ အမှန်တရားပေါ်ပေါက်ရေး၊ အမျိုးချစ်အများ၊ ၀ိုင်းဝန်းပေး၊ ၀ိုင်းဝန်းပေး။ တရားမျှတမှုရရှိရေး၊ ထိုင်းအစိုးရ ပြုပြင်ပေး၊ ပြုပြင်ပေး။ မြန်မာများရဲ့ ဆန္ဒ ကမ္ဘာက၊ သိစေရမည်၊ သိစေရမည်။ ဇော်လင်းနှင့် ၀င်းဇော်ထွန်း ချက်ချင်းလွှတ်၊ ချက်ချင်းလွှတ် “ ဆိုသည့်ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ကြောင်း သတင်းရပါသည်။
 
နင်းရက်ခမ်းထီ


Powered by Blogger.