Saturday, December 26, 2015

Southern Shan State Media Network(S.S.S.M.N) ကွန်ယက်မှ အကောင်အထည်ဖော်မည့် Project အား ရှင်းလင်း တင်ပြခြင်း နှင့် ကွန်ယက်အဖွဲ့ဝင်များ တွေ့ဆုံခြင်း

တောင်ကြီး၊၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ (၂၇) ရက်



ရှမ်းပြည်နယ်တောင်ပိုင်း သတင်းမီဒီယာကွန်ယက်သည် ကွန်ယက်မှ အကောင်အထည်ဖော်မည့် Project အား ရှင်းလင်းတင်ပြခြင်း၊ ကွန်ယက် အဖွဲ့ဝင်များ တွေ့ဆုံခြင်း နှင့်ပက်သက်၍  ၂၀၁၅ခုနှစ် ၊ဒီဇင်ဘာလ (၂၆) ရက် နံနက်(၉)နာရီမှ နေ့လည်(၁၂)နာရီထိ တောင်ကြီးမြို့ပေါ်ရှိ (S.S.S.M.N)ရုံး၌ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
ရှေ့ဦးစွာ တက်ရောက်လာကြသည့် အဖွဲ့ဝင်များအား အပြန်အလှန် မိတ်ဆက်ကြပြီး ရှမ်းပြည်နယ် တောင်ပိုင်း သတင်းမီဒီယာ ကွန်ယက်ဥက္ကဌ ခွန်ရာဇာမှ အဖွင့်အမှာ စကားပြောကြားကာ ၊ဒုဥက္ကဌ ခွန်ထွန်းဖြူမှ ကွန်ယက်အကြောင်း ရှင်းလင်း တင်ပြခဲ့ပြီး၊ Project လုပ်ငန်းစဉ်များနှင့် Project Staff များအား အတွင်းရေးမှူး ဒေါ်မြ၀န်းရံမှ ကွန်ယက်နှင့်မိတ်ဆက်တင်ပြခဲ့ရာမှာ Online Reporting နှင့်ပက်သက်၍ လုပ်ငန်းဖြစ်မြောက်ရေးကော်မတီဝင် ခွန်သန်းအောင်မှ ဆွေးနွေးတင်ပြခဲ့ကြောင်း သိရှိရပါသည်။
ထို့နောက် တက်ရောက်လာကြသည့် အဖွဲ့ဝင်များအား ရှေ့ဆက် လုပ်ဆောင်မည့် Project လုပ်ငန်းစဉ်များအား အပြန်အလှန်ဆွေးနွေး မေးမြန်းတိုင်ပင် တင်ပြခဲ့ကြပြီး နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေး ခဲ့ကြောင်း သိရှိရပါသည်။
၎င်းတွေ့ဆုံရာတွင် တောင်ကြီး၊ လွယ်လင်၊ လင်းခေး၊ ကလော မှာရှိသည့် အဖွဲ့ဝင်များအချို့ (၃၂)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ခွန်တဲးဝါး



Powered by Blogger.