Friday, January 22, 2016

ကျောက်တလုံးကြီးမြို့တွင် (၆၉) နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဘောလုံးပြိုင်ပွဲကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၂၃) ရက်




ရှမ်းပြည်နယ်တောင်ပိုင်း ကျောက်တလုံးကြီးမြို့နယ်၏ (၆၉)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်းစုစုပေါင်း(၅၅)သင်းဖြင့် ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၂၁) ရက်၊ ကျောက်တလုံးကြီးမြို့ရှိ ဘောလုံးအားကစားကွင်းတွင် ကျင်းပပြုလုပ်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဦးခွန်စံလွင်မှ အဖွင့်အမှာစကားပြောကြားရာတွင် - ယခုလို ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်နိုင်ခြင်းကို ဂုဏ်ယူပါကြောင်း၊ ယခုလို ကျင်းပပေးနိုင်ခြင်းကြောင့် မိမိတို့ဒေသမှ မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း၊ လာမည့်နှစ်များမှာ လက်ရှိဘောလုံးကွင်းကို ဒီထက်ကောင်းသော ကွင်းတစ်ကွင်းဖြစ်မြှောက်အောင် ကြိုးစားကူညီ ပေးသွားမည်ဖြစ်ပါကြောင်း၊ အထူးမှာကြားလိုသည်မှာ မိမိတို့ ပအိုဝ်းအမျိုးသား၏ အထွတ်အထိပ်ထားသော အလံပေါ်တွင် စာသားများ၊ တံဆိပ်များ ကပ်ခြင်းများကိုလည်း မပြုလုပ်သင့်ပါကြောင်းနှင့် မိမိတို့ ကိုယ်ပိုင်အမှတ်တံဆိပ်များ ပြုလုပ်ပြီး အသုံးပြုပေးကြပါရန် တိုက်တွန်းမှာကြားရင်း နိဂုံးချုပ် ပြောကြားသွားပါသည်။ ဆက်လက်ပြီး PNA - အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ)၊ ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ခွန်မြင့်အောင်၊ ကျောက်တလုံးမြို့ အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ပြိုင်ပွဲတွင် တာဝန်ယူဆောင်ရွက် မြန်မာနိုင်ငံဒိုင်အဖွဲ့မှ ကောင်းကောင်းမွန်မွန်ကစားကြပါရန်နှင့် ပြိုင်ပွဲဆိုင်ရာ ဥပေဒေများကို ရှင်းလင်း ပြောကြားပြီး ဖိတ်ကြားထားသောဧည့်သည်တော်များမှ ပြိုင်ပွဲ၏ ဖွင့်ပွဲအဖြစ် ယှဉ်ပြိုင်ကြမည့် ဟမ်းဆီး(က) အသင်းနှင့် ကောင်ရွှေသွတ် ဘောလုံးအသင်းတို့ကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ၎င်းအသင်းတို့မှ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရှိရပါသည်။

ခွန်အောင်နိုင်

Powered by Blogger.