Sunday, January 17, 2016

လူတစ်ချို့အပေါ် ကျွန်ုပ်အမြင်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၁၈) ရက်


ကမ္ဘာပေါ်မှာ နေထိုင်ကြသော လူသးအားလုံးတို့သည် ဘယ်အရာကို ဘယ်အပြုအမူကို အနှစ်သက် ဆုံးနည်းဟု မေးမည်ဆိုလျှင် အမျိုးမျိုးဖြေဆိုကြမည်မှာ ကျွန်ုပ်အပါဝင်ပင်ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် ကျွန်ုပ်တို့လူအားလုံး အကြိုက်ဆုံးဆိုသော အရာမှာရှိကြပါလိမ့်မည်။ အကြိုက်ဆုံးဟုဆိုသောအရာမှာ အမူအရာ ၊ အပြောအဆို၊ အနေအထိုင် စသောအမျိုးမျိုးရှိပါမည်။ သို့သော် လူအများစုလက်ခံနိုင်သော (ဘုံ)အပြုအမူကို ကျွန်ုပ်ခန့်မှန်းကြည့်ရာတွင် လူတွေသည် ချီးမွှမ်းမှုကို လက်ခံတတ်ကြပြီး ကဲ့ရဲ့ခြင်းကိုမူ လက်ခံနိုင်စွမ်း မရှိကြပေ။
မြှောက်ပင့်တတ်သောသူမှာလည်း အပြုအမူ တမျိုးရှိနေပေသည်။ ထိုသူမှာ သူတစ်ပါးကို မြှောက်ပင့်ရာမှာလည်း လွယ်ကူတတ်ပြီး သူ့ကိုပြန်ပြီး မြှောက်ပင့်ပြောဆိုလျှင်လည်း အလွန်နှစ်သက် တတ်ပါသည်။ ထို့အတူ မြှောက်ပင့်သောနေရာတွင် ကျွမ်းကျင်ရုံသာမက ကဲ့ရဲ့သောနေရာမှာလည်း ထောက်ထားမှုမရှိ ကဲ့ရဲ့တတ်ပါသည် ထိုလူမျိုးကို အလွန်သတိထားရန် လိုအပ်မည်ဟု ကျွန်ုပ်မြင်မိပါသည်။ အဘယ်ကြောင့်ဆိုသော် ကဲ့ရဲ့ချီးမွှမ်း သောအရာ၏ အကောင်းဆုံးနည်းလမ်းမှာ - အပြုသဘောဆောင်သော ချီးမွမ်းကဲ့ရဲ့ခြင်းသည်သာ တစ်ဖက်သား၏ စိတ်ဓါတ်ကိုလည်း အလေးထားရာရောက်ပါမည်။ တန်ဖိုးရှိသောအပြုအမူ၊ အကြံဥာဏ်ပေးမှုလည်း ဖြစ်လာပါလိမ့်မည်။ သူတစ်ပါးကို မြှောက်ပင့်ရာမှာသာ သူတစ်ပါးကိုစိတ်ချမ်းသာမှုပေး နိုင်သော်လည်း ကဲ့ရဲ့မှုဒဏ်ကိုမခံတတ်သည်မှာ လူ့သဘာဝပင်ဖြစ်နေတတ်ပါသည်။ သူတစ်ပါးကို ကဲ့ရဲ့တတ်သူသည်လည်း မိမိကိုယ်ကို တန်ဖိုးထားသင့်သောနေရာမှာ တန်ဖိုးထားတတ်စေရန်လိုအပ်သလို သူတစ်ပါးကိုချီးမွမ်း တတ်သောလူသည်လည်း တန်ဖိုးရှိသောစကားနှင့်သာချီးမွမ်းသင့်ပါသည်။ ဥပမာ- လူတစ်ဦးတစ်ယောက်သည် သူတစ်ပါးကိုချီးမွမ်းရာမှာ ထပ်ခါထပ်ထပ်ခါ ချီးမွမ်းသည်သာမက သူတစ်ယောက်သည်ပင်လျှင် လုပ်တတ်ကိုင်တတ် သည့်ပုံစံနှင့် ချီးမွမ်းသည့်နေရာမှာ စကားလမ်းကြောင်းရှိရန် သူ့ကောင်းကြောင်းကိုပင် ထပ်ခါတလဲလဲ ထည့်၍ ခိုင်းနှိုင်းပြောဆိုမှုမျိုးသည် အပြုသဘောဆောင်သော ချီးမွမ်းမှုမျိုးဖြစ်မလာသလို  သူတစ်ပါးကို ကဲ့ရဲ့ရာမှာလည်း ထပ်ခါထပ်ခါကဲ့ရဲ့မည့်အစား သူ့ကို တိုးတက်ကောင်းမွန်လာအောင် အကြံဥာဏ်ကောင်းများ အကျိုးရှိသောစကားလက်ဆောင်များသာ ပေးသင့်မည်ထင်ပါသည် ၊ သို့မဟုတ်လျှင် လူတစ်ယောက်အနေဖြင့် သူတစ်ပါးကို အပြုသဘောဆောင်သော ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းမဖြစ်ဘဲ လေလုံးထွားသောသူဟု ကျွန်ပ် မြင်လာသည်သာမက သူသည် တန်ဖိုးမရှိသော စကားကိုသာပြောတတ်သူ အလုပ်နှင့်အပြော ကိုက်ညီမှုမရှိသည့်အပြင် အပြောနှင့်သာဆိုလျှင် ဘ၀မှာ အရာရာပြီးမြှောက်သည်ဟု ခံယူနေသောသူဟု ကျွန်ုပ်မြင်မိပါသည်။ ချီးမွှမ်း ခံရသူသည်လည်း မှန်ကန်သောစကားဟုတ်၏လော မဟုတ်၏လော မစဉ်းစားသလို ကဲ့ရဲ့ခံရသူမှာလည်း အားငယ်စိတ်ဝင်လာသည်သာမက စိတ်ဓါတ်နှင့် စေတနာထားမှုအပေါ် လျော့နည်းလာကာ ထိခိုက်မှုများလည်း များပြားလာပါလိမ့်မည်။ အပြုသဘောဆောင်သော ချီးမွှမ်းကဲ့ရဲ့ခြင်းများကိုသာ သုံးသင့်ပါကြောင်း ကျွန်ုပ်မြင်မိပါသည်။
(မိမိအပြောတစ်ခွန်းကြောင့် သူတစ်ပါး ဘ၀တစ်ခု နစ်မြှပ်စေမည့်အရာမဖြစ်အံ့)                 

နန်းစိန်း


Powered by Blogger.