Wednesday, January 27, 2016

လွှတ်တော်ကိုယ်စားလှယ်အား ချဉ်းကပ်ပုံအဆင့်ဆင့်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၂၈) ရက်


မဲဆန္ဒရှင်မိဘပြည်သူများခင်ဗျား- မိမိတို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ (၃)ရပ်ဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာတို့တွင် တစ်ခုအပါ အ၀င်ဖြစ်သည့် ဥပဒေပြုရေးအာဏာသည် လာမည့် ၂၀၁၆-ခုနှစ်၊ ဇန်န၀ါရီလ(၃၁)ရက်နေ့တွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ သက်တမ်းအားဖြင့် (၅)နှစ်ပြည့်ပြီးဖြစ်သဖြင့် နောင်ဥပဒေပြုအာဏာဖြစ်သည့် လွှတ်တော်သက်တမ်းအတွက် တနည်းအားဖြင့် ၂၀၁၆-ခုနှစ်မှ ၂၀၂၀-ခုနှစ်ထိ ဥပဒေပြုရေးအာဏာကို ၂၀၁၅-ခုနှစ်၊ နိုဝင်ဘာလ(၈)ရက် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ပါတီ၊ လွှတ်တော် အမတ်များထံ တာဝန်လွှဲပြောင်းရတော့မည် ဖြစ်ပါသည်။
မဲဆန္ဒရှင်မိဘပြည်သူများအနေဖြင့် ခုလာမည့် ၂၀၁၆မှ ၂၀၂၀ ထိ လွှတ်တော်သက်တမ်းတွင် မဲဆန္ဒရှင် မိဘပြည်သူများ ဆန္ဒအရ စိတ်ကြိုက်မဲပေးရွေးချယ်ပြီး အနိုင်ရရှိခဲ့သော ပါတီများ၊ လွှတ်တော် အမတ်များအား မဲဆန္ဒရှင်မိဘပြည်သူများ၏ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်များရှိ ဒေသ၏ အခက်အခဲများ လိုအပ်ချက်များကို ဖော်ဆောင်ပေးနိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ ထံသို့ ချဉ်ကပ်နိုင်ရန် ဤဆောင်းပါးဖြင့် ရေးသားတင်ပြလိုက်ရပါသည်။
လွှတ်တော်ကိုယ်စားလှယ်အား ချဉ်းကပ်ပုံ
မိမိတို့၏ အခက်အခဲ မိမိတို့ဒေသဆိုင်ရာ အခက်အခဲများကို တင်ပြချင်သည်ဖြစ်စေ၊ ဥပဒေအသစ် တစ်ခုကိုပြုစေချင်သည် (သို့မဟုတ်) ဥပဒေတစ်ခုကို ပယ်ဖျက်လိုသည်၊ ပြင်ဆင်လိုသည် အစရှိသော ကိစ္စ ရပ်များကို ပြည်သူများနှင့် လွှတ်တော်ကြားတွင် ဆက်သွယ်ရေးလမ်းကြောင်သည်
“ လွှတ်တော်ကိုယ်စားလှယ် ” ပင်ဖြစ်သည်။
ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်အား ချဉ်းကပ်ပုံ၊ လွတ်တော်တွင် မိမိတို့ကိုယ်စား မိမိတို့၏ အသံများကို ထုတ်ဖော်ပေးနိုင်အောင် စည်းရုံးပြောဆိုပုံများသည် အလွန်အရေးကြီးလှပါသည်။ ထို့ကြောင့် အောက်ဖော်ပြပါ အကြံပြုချက်များကိုလည်း လေ့လာနိုင်ပါသည်။
(က) မိမိတို့၏ ကိုယ်စားပြုနယ်မြေရှိ အမတ်များ၏ အမည်၊ ဆက်သွယ်ရမည့် လိပ်စာ၊ ရုံးကို ရှာဖွေပါ၊ စုံစမ်းပါ။
(ခ) သက်ဆိုင်ရာ အမတ်ထံသွားပြီး မိမိတို့ ထောက်ခံလိုသော(သို့မဟုတ်) ကန့်ကွက်လိုသော ဥပဒေကြမ်းကို ပြောပြတင်ပြပါ။
    (ဂ) ဥပဒေကြမ်းကို ပြုပြင်နိုင်သော သူများဆီသို့ စာရေးသားဆက်သွယ်ပါ။
    (ဃ) အိတ်ဖွင့်ပေးစာများ ရေးသားပါ။
    (င) လွှတ်တော်သို့ သွားရောက်ပြီး သက်ဆိုင်ရာ ကော်မတီ/ ကော်မရှင်များနှင့် တွေ့ဆုံနိုင်အောင် ကြိုးစားပါ။
    (စ) ဥပဒေပြု လွှတ်တော်အမတ်များ၏ သမိုင်းကို လေ့လာပါ။
(ဆ) မိမိတို့၏ လိုအပ်ချက်များအတွက် ဆောင်ရွက်ပေးနိုင်မည့်အမတ်များကိုလည်း ကြိုတင်လေ့
လာပါ။
ဤဆောင်းပါးကို လေ့လာခြင်းဖြင့် သက်ဆိုင်ရာ မဲဆန္ဒရှင်မိဘပြည်သူများမှ မိမိတို့၏ ဒေသလိုအပ်ချက်များ၊ အခက်အခဲများကို မိမိတို့ မဲပေးရွေးချယ်ပြီး အနိုင်ရရှိခဲ့သည့် ပါတီ၊ လွှတ်တော်အမတ်များထံသို့ ချဉ်းကပ်နိုင်ရန်၊ တင်ပြတောင်းဆိုနိုင်ရန်နှင့် နောင်တက်လာမည့် ဥပဒေပြုအာဏာ တာဝန်ယူထားကြသည့် လွှတ်တော်အမတ်များအတွက် တစ်ဘက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးနိုင်ရန်နှင့် သိရှိနိုင်စေရန် ရည်ရွယ်၍ ရေးသားတင်ပြခြင်းဖြစ်ပါကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါသည်။
 
( ကျေးဇူးအထူးတင်ရှိပါသည်)
ကောက်နုတ်ချက် ။    ။ ပြည်သူ့အခြေပြုလွှတ်တော်ရေးရာ အထောက်အကူပြုပရဟိတအဖွဲ့

ရေးသားတင်ပြသူ    -   လွှတ်တော်ရေးရာဌာန
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)



Powered by Blogger.