Tuesday, January 26, 2016

Internationl Rpublican Institute (IRI) အဖွဲ့မှ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး တာဝန်ရှိပဂ္ဂိုလ်များအား လာရောက်တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၂၇) ရက်


၂၀၁၆-ခုနှစ် ဇန်နာဝါရီ(၂၅)ရက်နေ့  နံနက်-၁၀း၀၀-နာရီအချိန်တွင် Internationl Rpublican Institute(IRI)အဖွဲ့မှ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး တာဝန်ရှိပုဂ္ဂိုလ်များအား လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်၊
ထိုသို့ဆွေးနွေးရာမှာ ပြီးခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ အခြေနေများ ရွေးကောက်ပွဲအလွန် လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများ ပြည်သူ့ဝန်ဆောင်နှင့် သက်ဆိုင်သော လုပ်ငန်းများ ပြည်သူနှင့် ဆက်သွယ်ရေးနည်းလမ်းများ ပြည်သူအခြေပြု မူဝါဒများနှင့် အချိန်စီမံခန့်ခွဲရေး နည်းလမ်းများကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုဌာနချုပ်ရုံး အတွင်းရေးမှူးချုပ် ဦးခွန်သိန်းဖေ တွဲဖက်အတွင်းရေးမှူး(၃) ဦးခွန်တင်ထွဋ် အတိုင်ပင်ခံပုဂ္ဂိုလ် ဦးခွန်ဆန်းကျော် ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်းတို့နှင့် အကျယ်တ၀င့် တိုင်ပင်ဆွေးနွေးခဲ့ကြ့ပီး လာမည့်အစိုးသစ် လက်ထက်မှာလည်း လွှတ်တော်နှင့် အုပ်ချုပ်မှုဆိုင်ရာ နည်းလမ်းများကို အားကောင်းစေရန်အတွက် လိုအပ်သော အကူအညီများကို ကူညီပံ့ပိုး ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
 
ခွန်အောင်ထွိုက်ဗွေ


Powered by Blogger.