Friday, January 1, 2016

တောင်ကြီးမြို့နယ်၊ လွယ်ကောင်းရွာသစ်၊ ခရစ်ယာန်ဗိမာန်တော်တွင် ခရစ်စမတ်ပွဲတော် ၀တ်ပြုကိုးကွယ်ခြင်းအခမ်းအနားသို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ ဗဟိုကော်မတီဝင်များ တက်ရောက်အားပေး


 တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၂) ရက်




တောင်ကြီးမြို့နယ်၊ လွယ်ကောင်းရွာသစ်၊ ခရစ်ယာန်ဗိမာန်တော်တွင် ခရစ္စမတ်မွေးနေ့တော် ၀တ်ပြုကိုးကွယ်ခြင်းအခမ်းအနားကို(၃၁.၁၂.၂၀၁၅) နံနက် (၁၀း၀၀) အချိန်တွင် ပြုလုပ်ကျင်းပရာ ၄င်းအခမ်းအနားတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုကော်မတီဝင်များဖြစ်ကြသော ဦးခွန်မြင့်အောင်၊ ဦးခွန်ပညာဗုတ်၊ ဦးခွန်ယွန်း၊ ဦးခွန်တင်ထွန်ဋ် နှင့် ဦးစောခွန်ကျော်ဝင်းတို့မှ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၏ နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ကြသည့် ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများ ပအိုဝ်းစာပေစကား မိမိတို့၏ယဉ်ကျေးမှုများကို ပြန်လည်ထိန်းသိမ်းရန်နှင့် ဘာသာအချင်းချင်းလေးစားရန် ခရစ္စမတ်ပွဲတော်ဖြစ်ပေါ်လာပုံများကို ပြည့်စုံစွာရှင်းလင်းခဲ့ပါသည်။





ထို့နောက်ခရစ္စမတ်ပွဲတော်ကို ကြွရောက်လာသော သိက္ခာရ သင်းအုပ်ဆရာကြီးများအား ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ထုတ်ဝေသော ပြည်ထောင်စုထဲကပအိုဝ်း၏ စာစောင် (၁၅) စောင်၊ ပအိုဝ်းလူမျိုးသမိုင်းစာအုပ် (၁၅) အုပ်နှင့် အလှူငွေများကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) တွဲဖက်အတွင်းရေးမှူး(၃) ဦးခွန်တင်ထွဋ်မှ လွယ်ကောင်းရွာသစ် သင်းအုပ်ဆရာကြီး ဦးခွန်ဆန်နီအားပေးအပ်လှူဒါန်းရာ မွန်းလွှဲ (၁၂း၃၀ ) တွင် အခမ်းအနားပြီးဆုံးကြောင်း သတင်းရရှိပါသည်။

နန်းမိုးမိုးခိုင်
Powered by Blogger.