Wednesday, February 24, 2016

Bed & Breakfast ကနဦးစီမံကိန်း၏ အတွေ့အကြုံနှင့် လေ့လာသင်ယူတွေ့ရှိချက်များ မျှဝေခြင်း အလုပ်ရုံဆွေးနွေးပွဲ


တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၄) ရက်




၂၀၁၆-ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၄) ရက် ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဗဟိုဌာနချုပ်ရုံးတွင် GIZ (ဂျာမနီနှင့် ပူးပေါင်းဆောင်ရွက်မှု)၊ ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာန၊ ပါရမီဖွံ့ဖြိုးရေးကွန်ယက် (PDN) နှင့် ရွှေကျွန်းမျော ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းစု (GIC) တို့ ပူးပေါင်းအကောင်အထည်ဖေါ်နေသော Bed & Breakfast pilot project နှင့် ပတ်သက်၍ ကနဦးစီမံကိန်းအစီအစဉ်မှ ရရှိသော အတွေ့အကြုံနှင့် လေ့လာသင်ယူတွေ့ရှိချက်များ မျှဝေခြင်းအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။
ထိုတွေ့ဆုံဆွေးနွေးပွဲအခမ်းအနားတွင် ပါရမီဖွံ့ဖြိုးရေးကွန်ယက်မှ ဦးခွန်မောင်ဘော်မှ အဖွင့်အမှာစကားပြောကြားပြီး  ဟိုတယ်နှင့်ခရီးသွား ညွန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှုး ဦးထင်အောင်နိုင်၊ GIZ အဖွဲ့မှ ကိုယ်စားလှယ် Mr.Mike၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် အတွင်းရေးမှု(၃) ဦးခွန်တင်ထွဋ်တို့မှ အမှာစကား အသီးသီး ပြောကြားခဲ့ပါသည်။
Bed & Breakfast ကနဦးလုပ်ငန်းစီမံကိန်းမှ ရရှိသော အတွေ့အကြုံများနှင့်လေ့လာသင်ယူရရှိမှုများကို ပါရမီဖွံ့ဖြိုးရေးကွန်ယက် စီမံကိန်းတာဝန်ခံ ခွန်ချစ်ဦးမှ ရှင်းလင်းတင်ပြပြီး ညောင်ရွှေမြို့နယ်၊ လွယ်ခေါ်ကျေးရွာမှ CIT ကော်မတီဥက္ကဋ္ဌဖြစ်သည့် ခွန်ညွန်မောင်မှ စီမံကိန်းမှ ရရှိသည့်အတွေ့အကြုံများကို မျှဝေပေးခဲ့ပါသည်။
 ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်အနေဖြင့် ၁၉၉၁ -ခုနှစ်တွင် နိုင်ငံတော်အစိုးရနှင့်ငြိမ်းချမ်းရေးရယူကာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို နိုင်ငံတော်အစိုးရနှင့် လက်တွဲ၍ ဆောင်ရွက်ကာ အခြားလုပ်ငန်း   တစ်ခုဖြစ်သည့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများကိုလည်း ၁၉၉၆-ခုနှစ်တွင် Golden Island Cottage (GIC) ဟိုတယ်ဖြင့် စတင်ခဲ့ပါသည်။
၂၀၁၄-ခုနှစ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဌာန၏ အကြံပြုချက်အရ  CIT (Community Involved Tourism) လုပ်ငန်းများကို စတင်ခဲ့ပြီး ပါရမီဖွံ့ဖြိုးရေးကွန်ယက်၊ ရွှေကျွန်းမျော ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းစု (GIC) တို့ ပူးပေါင်းကာ Bed & Breakfast Pilot Project ကို ၂၀၁၅-ခုနှစ်မှ စတင်အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ခဲ့ပြီး ရွာပေါင်း(၉)ရွာမှာ လုပ်ကိုင်သွားမှာဖြစ်ပါသည်။
၂၀၁၄-ခုနှစ်မတိုင်ခင်ကလည်း GIC (1) (2) ဟိုတယ်များမှတစ်ဆင့် နိုင်ငံခြားသား ဧည့်သည်များအား စံကားခရီးစဉ်၊ ကက္ကူခရီးစဉ်စသည့် trekking ခရီးစဉ်များ၊ အင်းလေးပတ်ဝန်းကျင်ရှိ ပအိုဝ်းရွာများမှ တောင်တက်ခရီး စီစဉ်ပေးခြင်း၊ ပအိုဝ်းလူမျိုးတို့ရဲ့ ရိုးရာ၊ ပွဲလမ်းသဘင်များ၊ရိုးရာဓလေ့များနှင့် မိတ်ဆက်ပေးခြင်းစသည့် လုပ်ငန်း များကိုလည်း လုပ်ကိုင်ပေးခဲ့ကြောင်း သိရှိရသည်။
ဤworkshop သို့ GIZ , PDN, UNDP, METTA , UNICEF, WINROCK INTERNATIONAL,PNO စသည့် အဖွဲ့အစည်းပေါင်း ၁၆-ဖွဲ့ ၊ ဧည့်ပရိသတ် ၄၈-ဦး ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ခွန်အောင်သိန်း



Powered by Blogger.