Wednesday, May 11, 2016

Mingala Incubation School (MIS)သင်တန်းကျောင်းနှင့် ပတ်သက်၍ ဂျပန်နိုင်ငံ Tobu ကုမ္ပဏီက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ကို လာရောက်တွေ့ဆုံ

 တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မေလ (၁၁) ရက်




ကျေးလက်နေလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် ရည်ရွယ်၍ နေပြည်တော်တွင် ထားရှိမည့် Mingala Incubation School (MIS)သင်တန်းကျောင်းနှင့် ပတ်သက်၍ ဒီကနေ့ မေလ(၁၁)ရက်၊ ဗုဒ္ဓဟူးနေ့၊ တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)တွင် ဂျပန်နိုင်ငံ Tobu ကုမ္ပဏီမှ Mr.Tsuyoshi Watanabeနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ အတွင်းရေးမှူး(၃) ဦးခွန်တင်ထွဋ်နှင့် ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်းတို့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ တွေ့ဆုံမှုနှင့် ပတ်သက်၍  ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်းထံမှ ဂျပန်နိုင်ငံ Tobu ကုမ္ပဏီက MIS သင်တန်းကျောင်းကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၎င်းသင်တန်းကျောင်းကို လာမည့် မိုးရာသီတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လိုအပ်သော သင်တန်းသား/သူများကို ကျေးလက်နေ လူငယ်များအား ဦးစားပေးခေါ်ယူမည်ဖြစ်ကြောင်း၊ ယင်း MIS သင်တန်းကျောင်းတွင် အလုပ်ခွင်ဝင်ရန်အတွက် လုပ်သော ပညာရပ်များကို သင်ကြားပေးမည့်အပြင် ကိုယ်ပိုင် အသေးစား စီးပွာရေး ထူထောင်ချင်သူများ အတွက် လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း၊ သင်တန်းပြီး ဆုံးပါက အလုပ်ရှာဖွေ ခန့်အပ်သွားမည်ဖြစ်ပြီး အခြေခံလစာအဖြင့် (၁)နှင့်(၆)သိန်း ၀န်းကျင်ရှိကြောင်း သိရှိရပါသည်။
 
ခွန်ထင်;လေအောင်;
   
   

Powered by Blogger.