Wednesday, May 11, 2016

The Leprosy Mission Myanmar အဖွဲ့မှ အနာကြီးရောဂါတိုက်ဖျက်ရေးနှင့် လူမှုဘ၀တိုးတက်ရေးအကြောင်း ဆွေးနွေးပွဲကျင်းပ

 တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မေလ (၁၁) ရက်




မေလ-၁၁-ရက်၊ ၂၀၁၆-ခုနှစ်၊ နံက်ပိုင်း ၁၁း၀၀ နာရီအချိန် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုဌာနချုပ်ရုံး အစည်းအဝေးခန်းမတွင် အနာကြီးရောဂါတိုက်ဖျက်ရေးနှင့် လူမှုဘ၀တိုးတက်ရေးအကြောင်း ဆွေးနွေးပွဲကို The Leprosy Mission Myanmar အဖွဲ့မှ ဆရာမနော်အယ်နီက ဦးဆောင်ဆွေးနွေးပေးခဲ့ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) မြို့နယ်ရုံးတာဝန်ခံများနှင့် ပအိုဝ်းလူငယ်ကွန်ယက်(PYN)လူငယ်တို့ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
TLMM-သည် လူမှုဝန်ထမ်းဦးစီးဌာနနှင့် လက်တွဲပြီး မသန်စွမ်းသူများ၏ အရေးကို ဦးဆောင်မှုအခန်းကဏ္ဍမှ ဆောင်ရွက်လာခဲ့သည်မှာ ၁၈၇၄ ခုနှစ်မှစ၍ အနာကြီးရောဂါလုပ်ငန်းများ အပါအ၀င် နှစ်ပေါင်း(၁၄၀)ကျော်ရှိ ပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် မော်လမြိုင်မြို့တောင်ပိုင်းရှိ ခရစ်ယာန်အထူးအရေပြားဆေးရုံနှင့် လက်တွဲဆောင်ရွက်လျှက်ရှိရာ ယခုအခါနှစ်ပေါင်း (၁၁၀) ကျော်ခဲ့ပြီဖြစ်ကြောင်းသိရှိရပါသည်။
၂၀၁၄-ခုနှစ်မှစတင်၍ အနာကြီးရောဂါကြောင့် မသန်စွမ်းသူများသူများသာမက အကြောင်းအမျိုးမျိုးကြောင့် မသန်စွမ်းသူးများသူများအားလုံး ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင်နိုင်စေရန် တွန်းအားပေးဆောင်ရွက်နေပါသည်။
TLMM အဖွဲ့ရည်ရွယ်ချက်များမှာ အနာကြီးရောဂါ ခံစားရသူများနှင့် မသန်စွမ်းသူများကို ၎င်းတို့ရပ်ရွာများအတွင်းရှိ လူမှုရေး၊ စီးပွားရေး ဆောင်ရွက်မှု လုပ်ငန်းများတွင် ၁။ အများနှင့်တန်းတူပါဝင်ဆောင်ရွက်ခွင့်ရနိုင်စေရန်၊ ၂။ လှုပ်ခြားသွားလာနိုင်ခွင့်ရရှိစေရန်နှင့် ၎င်းတို့၏စွမ်းရည်များကို အသုံးပြု၍ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ပိုင်ဆိုင်ဆောင်ရွက်နိုင်စေရန် ဖြစ်ကြောင်းသိရှိရပါသည်။
 TLMM အဖွဲ့အနေဖြင့် ဆောင်ရွက်နေသောဒေသများမှာ တိုင်းဒေသကြီး(၆)ခု စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်နှင့် မွန်ပြည်နယ်တို့တွင် မသန်စွမ်း အရင်းအမြစ်ဌာန(၁၇)ဖြင့် ၀န်ဆောင်မှု ပေးနေပါကြောင်းနှင့် ယခုလက်ရှိ ရှမ်းပြည်နယ်တွင်လည်း ၀န်ဆောင်မှုပေးနိုင်ပါရန် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။
 
ခွန်အောင်ထွိုက်ဗွေ

Powered by Blogger.