Monday, May 16, 2016

ကျောက်တလုံးကြီးမြို့နယ်၊ နမ်းဗေးရေတံခွန် ရေတံခွန်တည်တံ့နိုင်စေရေးအတွက် ပအိုဝ်းမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးနှင့် ဒေသခံမိဘပြည်သူများ တွေ့ဆုံဆွေးနွေး

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မေလ (၁၆) ရက်





၂၀၁၆ ခုနှစ်၊ မေလ(၁၅)ရက်နေ့တွင် ကျောက်တလုံးကြီးမြို့နယ်၊ နမ်းဗေးကျေးရွာ ဦးခွန်၏ နေအိမ်၌ နမ်းဗေးရေတံခွန် သဘာဝအတိုင်းရေရှည် တည်တံ့နိုင်စေရေးအတွက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးမှ ဦးစောခွန်ကျော်ဝင်း(ရုံးအဖွဲ့မှူး)၊ ခွန်စောလွင်(ဥပဒေရေးရာဌာန)၊ ခွန်အောင်နိုင်(လွှတ်တော်ရေးရာဌာန)နှင့် နမ်းဗေးကျေးရွာမှ ရွာသူကြီးနှင့် ရပ်မိရပ်ဖများတို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုတွေ့ဆုံဆွေးပွဲတွင် နမ်းဗေးရေတံခွန်သည် နွေရာသီတွင် တစ်နှစ်ထက်တစ်နှစ် လာရောက်လည်ပတ်သူများ ပိုမိုများပြားလာသည်နှင့်အမျှ သဘာဝရားများ မပျောက်ပျက်အောင် ဒေသခံလူထုတို့က ၀ိုင်းဝန်းထိန်းသိမ်းကြရန်နှင့် လာရောက်လည်ပတ်သူများ အန္တရာယ်ကင်းရှင်းစေရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြသည်။ သစ်ပင်များ၊ ၀ါးပင်များကိုလည်းမခုတ်ရန်၊ မီးမရှို့ရန်နှင့် လာရောက်လည်ပတ်သူများ အနေဖြင့်လည်း အမှိုက်များကိုစနစ်တကျ စွန့်ပစ်တတ်စေရန် အရေးကြီးကြောင်းအသေးစိပ် ဆွေးနွေးခဲ့ကြသည်။ ဒေသခံလူထုများက စည်းလုံးညီညွှတ်စွာ တက်ညီလက်ညီလုပ်ဆောင်မှသာလျှင် ရေရှည်တည်တံ့နိုင်ကြောင်းနှင့် ဒေသခံလူထုများ အတွက်ရံပုံငွေ၊ အခြားဝင်ငွေများလည်း ရရှိလာမည်ဖြစ်သည်။ ထို့နောက် ဒေသခံများသည် ရေတံခွန်ကြည့်ရှု စောင့်ရှောက်ရေးကော်မတီများ ဖွဲ့စည်းပြီး ရေတံခွန်သို့လာရောက် ရေကစားကြသူများ လိုက်နာရန်စည်းကမ်းများရေးဆွဲခဲ့ကြကြောင်း သိရှိရပါသည်။

ခွန်ကျော;

Powered by Blogger.