Monday, May 16, 2016

ပအိုဝ်းအမျိုးသားခေါင်းဆောင်ဖြားတန်အောင်ခမ်းထီမှ နောင်တောင်းဘုန်းတော်ကြီးကျောင်းသို့ နွေရာသီ ဗုဒ္ဓဘာသာ လူငယ်စွမ်းရည်မြှင့်သင်တန်း တက်ရောက်သော သင်တန်းသားများအား သြ၀ါဒစကားချီးမြင့်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မေလ (၁၇) ရက်




16- 5-2016 ၊ ကဆုန်လဆန်း(၁၀)ရက်၊  တနင်္လာနေ့၊ မနက်(၉)နာရီအချိန်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ နောင်တောင်းပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် နွေရာသီ ဗုဒ္ဓဘာသာလူငယ် စွမ်းရည်မြှင့်သင်တန်းသို့ တက်ရောက်ကြသော သင်တန်းသူ /သားများအား ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီမှ သြ၀ါဒစကား ချီးမြှင့်ခဲ့ပါသည်။
သြ၀ါဒစကား ချီးမြင့်ပြီးနောက် သင်တန်းသူ/သားများ၊ သင်တန်းဆရာ/ဆရာမများမှ ပျက်စီးသွားသော ရှေးဟောင်းမွေတော် ကက္ကူဘုရားအတွက် အလှူငွေ (၁၅၅၆၂၀၀) ကျပ်တိတိကို ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန် အောင်ခမ်းထီထံသို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။
ထို့နောက် သင်တန်းသူ/သားများမှ (နီတွမ်းနီ၊ ပအိုဝ်းသွီး၊ ထွိုင်းခန်းလဲုင်းနီပအိုဝ်း)သီချင်းများဖြင့် ဂုဏ်ပြုသီဆိုခဲ့ပါကြောင်း သတင်းရရှိပါသည်။

မောင်းမွူးခံ

Powered by Blogger.