Friday, May 20, 2016

မသန်စွမ်းနှင့် အနာကြီးရောဂါပညာပေးသင်တန်းကို ပအိုဝ်းအမျိုးသားအဖွဲ့(PNO)၊ ဗဟိုဌာနချုပ်ရုံးတွင် ဖွင့်လှစ်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မေလ (၂၀) ရက်


တောင်ကြီးမြို့ ၂၀၁၆-ခုနှစ် ပအိုဝ်းအမျိုသားအဖွဲ့(PNO)ဗဟိုဌာနချုပ်ရုံးတွင် ကြာသပတေးနေ့ နံနက်၉း၀၀နာရီ အချိန် မသန်စွမ်းနှင့်အနာကြီးရောဂါပညာပေးသင်တန်းကို The Leprosy Mission Myanmar အဖွဲ့နှင့် ပအိုဝ်းအမျိုးသားအဖွဲ့(PNO)ပါရမီလူမှုဖွံ့ဖြိုးရေးအဖွဲ့၊ ပအိုဝ်းလူငယ်ကွန်ယက်(PYN)အဖွဲ့တို့မှ ပူးပေါင်းဆောင် ရွက်ပြီး မေလ-၁၉ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့သည်။
ထိုသို့ မသန်စွမ်းနှင့်အနာကြီးရောဂါပညာပေးသင်တန်းကို တောင်ကြီး၊ ဟိုပုံး၊ ကျောက်တလုံး၊ ရပ်စောက် စသည့် မြို့နယ်များမှ ဖိတ်ကြားထားသော ပအိုဝ်းလူငယ်ကွန်ယက်(PYN) အဖွဲ့ကိုယ်စားလှယ်များက တက်ရောက်ခဲ့ကြောင်း သိရသည်။
၎င်းသင်တန်းတွင် ရည်ရွယ်ချက်မှာ အကြောင်းအမျိုးမျိုးကြောင့် မသန်စွမ်းသူနှင့်အနာကြီးရောဂါ ခံစားနေရသော ဝေဒနာရှင်များကို ကျေးရွာများရှိ လူမှုရေး၊ စီးပွားရေးလုပ်ငန်းများတွင် သူတို့ကိုယ်တိုင် ပါဝင်ဆောင် ရွက်နိုင်စေရန်နှင့် လှုပ်ရှားသွားလာနိုင်ခွင့် ပိုမိုအားကောင်းလာစေရန် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို လုပ်ကိုင်နိုင်စေရန် ရည်ရွယ်ပြီး ၎င်းသင်တန်းကို ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ မသန်စွမ်းနှင့်အနာကြီးရောဂါ ပညာပေးသင်တန်းကို မေလ-၁၉-မှ၂၀ရက်နေ့အထိ နှစ်ရက်သင်တန်း ဖွင့်လှစ် သင်ကြားပေးခဲ့ပြီးနောက် သင်တန်းတက်ရောက်ပြီးသော သင်တန်းသားများအား ၎င်းသင်တန်းအပြီးမှာ ၂၀၁၆-ခုနှစ် မေလပိုင်းကုန်လောက်တွင် ကျေးရွာများရှိမသန်စွမ်းသူများနှင့် အနာကြီးရောဂါ ခံစားနေရသော ဝေဒနာရှင်များကို ကွင်းဆင်း စာရင်းကောက်ယူသွားမည်ဖြစ်ပြီး ရရှိလာသည့်လူဦးရေ စာရင်းအရ မသန်စွမ်းသူများအား အထောက်အကူပြုပစ္စည်းတို့ကို ကူညီဆောင်ရွက်ပေးသွားမည်ဟု  ပအိုဝ်းလူငယ်ကွန် ယက်(PYN)အဖွဲ့ ခွန်စိုးမောင်ထံမှ ကြားသိရသည်။
ယင်း မသန်စွမ်းနှင့်အနာကြီးရောဂါပညာပေးသင်တန်းတွင် လွိုင်လင်-ဆီဆိုင်မြို့နယ်များတွင်လည်း The Leprosy Mission Myanmar အဖွဲ့က သွားရောက်သင်တန်းဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

ခွန်ဗန်ထို(ခမ်းကောင်)

Powered by Blogger.