Monday, June 6, 2016

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊(ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန)၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြစိမ်းရောင်စီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၇) ရက်



ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ဘန်းဖွီးကျေးရွာအုပ်စု၊ လွယ်မန်းကျေးရွာတွင်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဝင်း၊ ဒု- ဦးစီးမှူး ဒေါ်နော်ကေသွယ်မိုး၊ အကြီးတန်းစာရေး ဦးခွန်သဝေါင်းတို့မှ ဦးဆောင်ပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲကို ဇွန်လ(၅) ရက်၊ ၂၀၁၆ ခုနှစ် နံနက်ပိုင်း(၁၁း၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ကြောင်း သိရှိရပါသည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်းမိတ်ဆက်ရှင်းလင်းပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်များမှာ-  အလုပ် အကိုင်အခွင့်အလမ်း မိသားစုဝင်ငွေတိုးပွားလာစေရန်၊ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်ပေးခြင်းဖြင့် စားနပ်ရိက္ခာဖူလုံစေရန်နှင့် အာဟာရပြည့်ဝစေရန်၊ ကျေးလက်အခြေခံအဆောက်အအုံများ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးစေရန်၊ ကျေးလက်လူထု၏ စွမ်းဆောင်ရည်တိုးတက်လာစေရန်နှင့် မမျှော်မှန်းနိုင်သော ဘေးအန္တရာယ်များကျရောက်လာပါက တုန့်ပြန်ဆောင်ရွက်နိုင်မှု အားကောင်းသော လှုမှုအဖွဲ့အစည်းများပေါ်ပေါက်လာစေရန်ဖြစ်သည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်နိုင်သည့်လုပ်ငန်းများမှာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ မီးလင်းရေး၊ ကျေးရွာကုန်ထုတ်လုပ်ငန်းများ၊ အသေးစားရောင်းဝယ်ရေးလုပ်ငန်းများ၊ အခြားအသက်မွေးဝမ်းကျောင်းလုပ်ငန်းများ စသည့်လုပ်ငန်းများကိုဆောင်ရွက်နိုင်ပါကြောင်း သိရှိရပါသည်။ မြစိမ်းရောင်ကျေးရွာစီမံကိန်းသည် ဆီဆိုင်မြို့နယ်တွင်  ၂၀၁၄-၂၀၁၅ ခုနှစ် ၂ ယူနစ်၊ ၂၀၁၅-၂၀၁၆ ခုနှစ် ၁၈ ယူနစ်၊ ၂၀၁၆-၂၀၁၇ခုနှစ် ၁၅ ယူနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ကျေးရွာပေါင်း(၃၂၂)ရွာ ရှိရာတွင် အကျိုးပြုကျေးရွာ (၅၈) ရွာရှိပြီဖြစ်ကြောင်းသတင်းရရှိပါသည်။

ခွန်အောင်ထွိုက်ဗွေ 



Powered by Blogger.