Saturday, June 25, 2016

လုပ်ငန်းခွင်အကြို ဆရာအတတ်သင် ဒီပလိုမာ ပထမနှစ် အထူးသင်တန်းသား/သူများနှင့် ပအိုဝ်းအမျိုးသမီး အဖွဲ့တို့ ပူးပေါင်း၍ မိုးရာသီသစ်ပင်စိုက်ပျိုး

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၂၆) ရက်






သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရန် ရည်ရည်၍ လုပ်ငန်းခွင်အကြို ဆရာအတတ်သင် ဒီပလိုမာ ပထမနှစ် အထူးသင်တန်းသား/သူများနှင့် ပအိုဝ်းအမျိုးသမီးအဖွဲ့တို့ ပူးပေါင်းပြီး ၂၀၁၆ခုနှစ်၊ ဇွန်လ(၂၅)ရက်၊ စနေနေ့၊ တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး(ဒဲဉ်သီးဗွေ)ကွင်းတွင် စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြကြောင်း သိရှိရပါသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးရာနေရာသို့ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု(ဗဟို) ဥက္ကဌ ဦးခွန်ဝင်းကိုက လာရောက်ပြီး သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်၍ ရှင်းလင်းအမှာစကားပြောကြားခဲ့ကြောင်း၊ ၎င်း(ဒဲဉ်သီးဗွေကွင်း)တွင် အပင်ပေါင်း(၁၀၀)ကျော်ဖြစ်သော ထောပတ်၊ မာလာကာ၊ သရက်၊ ရာဘာ၊ မန်ကျည်း၊ စိန်ပန်း စသည့် နှစ်ရှည်ပင်များကို စိုက်ပျိုးခဲ့ကြောင်း သိရှိရပါသည်။
 ထိုသို့ သစ်ပင်စိုက်ပျိုးခြင်းနှင့် ပတ်သက်၍ ပအိုဝ်းအမျိုးသမီးအဖွဲ့ဝင် မွိုးမီးက “ ကျွန်မ အခုလို သစ်ပင်စိုက်တာဟာ ကျွန်မတို့ဒေသ စိမ်းလန်းစိုပြေဖို့၊ နောင်လာမဲ့ ကျွန်မတို့ သားစဉ်မြေးဆက် အတွက် အကျိုးပြုနိုင်ဖို့ ရည်ရွယ်ပြီးတော့ စိုက်တာပါ” ဟု သူမ၏ ခံယူချက်ကို ပြောပြထားကြောင်း သိရှိရပါသည်။

 နင်;ဆာ;တဲုင်

Powered by Blogger.