Monday, June 27, 2016

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြင့် ကျောက်တလုံးကြီးမြို့နယ်၊ နာဟီကျေးရွာတွင် အသိပညားပေး ဟောပြောပွဲပြုလုပ်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၂၇) ရက်





၂၆.၆.၂၀၁၆ တနင်္ဂနွေနေ့ နံနက် ၉နာရီခွဲအချိန်တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြင့် အသိပညားပေး ဟောပြောပွဲကို ကျောက်တလုံးကြီးမြို့နယ်၊ နာဟီကျေးရွာအုပ်စု၊ နာဟီရွာတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ ဦးဆောင်၍ မူယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် သဘာဝပတ်ဝန်းကျင် သစ်တောထိန်းသိမ်းစောက်ရှောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို နာဟီဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားကို ရှေးဦးစွာ ရတနာသုံးပါးကို ဦးထိပ်ထား၍ နာဟီဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော်ထံမှ သြ၀ါဒနှင့် ငါပါးသီလခံယူကာ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ကျောက်တလုံမြို့နယ်၊ မြို့နယ်ဥက္ကဌ ဆရာဦးခွန်ယွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး ပြည်သူဆက်ဆံရေးဌာန၊ ဌာနမှူး ခွန်စောလွင်မှ မူယစ်ဆေးဝါးပေါ်ပေါက်လာခဲ့သည့် သမိုင်းကြောင်း၊ မူယစ်ဆေးဝါး၏ဆိုးကျိုးများ၊ ဥပဒေများ၊ မူယစ်ဆေးဝါးပပျောက်ရန် မည်သို့လုပ်ဆောင်ရန် စသည့် အချက်အလက်များကို ရှင်းလင်တင်ပြ ဟောပြောခဲ့သည်။ ထိုနောက်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောက်ရှောက်ရေးဆိုင်ရာအခန်းကဏ္ဍကိုလည်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး လေးကျင့်ပညာပေးရေးဌာန၊ ဌာနမှူးခွန်ဆောင်းရွှေမှ သဘာဝပတ်ဝန်းကျင်နှင့်သစ်တောထိန်းသိမ်းစောက်ရှောက်ရေးဆိုင်းရာများ၊ ရာသီဥတုပြောင်းလဲမှု၊ ပူပြင်းမှု၊ ရေရှားပါးမှုစသည့်အရင်းအမြစ်များကို ရှင်လင်းခဲ့ပြီး သစ်တောဝန်ကြီးဌာနမှ ထုတ်ပြန်ထားသေား သစ်တောဥပဒေကိုလည်း ဒေသခံပြည်သူလူထုများ သိရှိနားလည်အောင် ရှင်းလင်တင်ပြသွားခဲ့ပါသည်။ တဆက်တည်မှာပင် ကျောက်တလုံမြို့နယ်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ၊ အတွင်းရေးမှူးဆရာခွန်မောင်ဗုတ်မှ မူးယစ်ဆေးဝါးသည် လူသားများအတွက် အသက်အိုးအိမ်းစည်စိမ်းများကို ၀ါမျို ပျက်စီးစေသော လူသားစား လက်နက်ဖြစ်ကြောင်း ရှင်းလင်းခဲ့ပြီးနောက် ဒေသခံ ပြည်သူတစ်ဦးကလည်း တတ်ရောက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

ခွန်ဒဒါဒါး

Powered by Blogger.