Monday, June 27, 2016

ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်အဆင့်အသိပေးရှင်းလင်းပွဲပြုလုပ်ကျင်းပ

 တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၂၇) ရက်

ဓါတ်ပုံ - ဦးထွန်းလွင် (မြ၀တီ)

ဓါတ်ပုံ - ဦးထွန်းလွင် (မြ၀တီ)
၂၀၁၆ ခုနှစ်၊ ဇွန်လ(၂၇) ရက်၊ တနလာင်္နေ့တွင် ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ပြီး ပြည်နယ်အဆင့်ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် ကာကွယ်ဆေးသစ် စတင်ထည့်သွင်းထိုးနိုင်ခြင်း အသိပေးရှင်းလင်းပွဲအခမ်းအနားကို ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါအခမ်းအနားတွင် လှုမှုရေးရာဝန်ကြီး ဒေါက်တာမျိုးထွန်းက တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း၊ ဒုတိယပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်မှ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် ကာကွယ်ဆေးသစ် စတင်ထည့်သွင်းထိုးနိုင်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင် တက်ရောက်ခဲ့ကြောင်း၊ တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမူမူမြင့်နှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။

နင်,ဆာ;တဲုင်


Powered by Blogger.