Thursday, June 30, 2016

အထူးဒေသ(၆) တောင်ကြီးမြို့နယ် လွယ်တော်ကျေးရွာအုပ်စု ဇလဲကျေးရွာ ဇလဲကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော် ခန့်အပ်ခြင်း အပ်နှင်းခြင်းအခမ်းအနား ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၃၀) ရက်




၂၀၁၆ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့ နံက်၈း၃၀အချိန်တွင်  ဇလဲကျောင်းတိုက် ဗဟိုကျောင်းမကြီးအပေါ်ထပ်၌ ဇလဲကျောင်းတိုက် ကျောင်းထိုင် တိုက်အုပ် တိုက်ကြပ် ဆရာတော်များ အပ်နှင်းတင်မြှောက်ခြင်း အခမ်းအနားကို အထူးဒေသ(၆) တောင်ကြီးမြို့နယ် လွယ်တော်ကျေးရွာအုပ်စု ဇလဲကျေးရွာ ဇလဲကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော် ခန့်အပ်ခြင်း အပ်နှင်းခြင်းအခမ်းအနား ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
ဇလဲကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသုပညာလက်ထက်တွင် ဇလဲကျောင်းတိုက်၌ နောင်အနာဂါတ်ကာလတွင် ကျောင်းထိုင်ဆရာတော်များအဖြစ် ဆက်လက်တာဝန်ယူကြရန် သာသနဓဇဓမ္မာစရိယဘွဲ့ရ ဘဒ္ဒန္တသုဝဏ္ဏ ၊ ဓမ္မာစရိယ ဘဒ္ဒန္တ သုမင်္ဂလ၊ သာသနဓဇဓမ္မာစရိယဘွဲ့ ဘဒ္ဒန္တ ဂုဏိဿရ တပည့်ရင်း (၃)ပါးတို့အား ချမှတ်ပေးခဲ့ပါကြောင်း ဇလဲ(၄)ရွာ ရပ်မိရပ်ဖများရှေ့ မှောက်တွင် မိန့်တော်မူခဲ့သည်။ ယခုအခါ ဘဒ္ဒန္တသုဝဏ္ဏ ၊ ဘဒ္ဒန္တ သုမင်္ဂလနှစ်ပါးတို့က ဘ၀နတ်ထံပျံလွန်တော်မူသွားပြီဖြစ်၍ ဆရာတော်ဘဒ္ဒန္တဂုဏိဿရ  တစ်ပါးသာ မျက်မှောက်ထင်းရှား ကျန်ရှိနေခဲ့ရာ ဇလဲကျောင်းတိုက်ကို အုပ်ချုပ်ကျောင်းထိုင်တော်မူရန် ပဓာန တာဝန်ရှိသော်လည်း  ဌာနလက်ရှိ သံလွန်းပရိယတ္တိကျောင်းထိုင်တာဝန် သာသနာတော်ရေးရာ တာဝန်အရပ်ရပ်ရှိနေပြီဖြစ်သောကြောင့် ကျောင်းထိုင်အင်္ဂါ(၅)ပါး အရည်အချင်းရှိ ဇလဲဇာတိဖွား ရဟန်းတော်(၈)ပါးတို့အား ကျောင်းထိုင်နာယက တိုက်အုပ် တိုက်ကြပ် ဆရာတော်များအဖြစ် လွဲအပ်တင်မြောက်ပါကြောင်း ၎င်းရဟန်းတော်(၈)ပါးတို့၏  ထိုးမြဲလက်မှတ်ဖြင့်၎င်း၊ သြ၀ါဒါစရိယဆရာတော်(၄)ပါးတို့၏ ထိုးမြဲလက်မှတ်ဖြင့်၎င်း၊ ဇလဲ(၄)ရွာ ဒါယကာ ဒါယိကာမတို့၏ကိုယ်စား ရပ်မိ/ရပ်ဖ ဒါယကာ(၄၀)ဦးတို့၏ ထိုးမြဲလက်မှတ်ဖြင့်၎င်း အပ်နှင်းခဲ့ပါကြောင်း သိရှိရပါသည်။
လွဲအပ်သူ ဆရာတော်ဘဒ္ဒန္တဂုဏိဿရမှ လွဲအပ်သော  ရဟန်းတော်(၈)ပါးမှာ ၁။ ကျောင်းထိုင်နာယက ဆရာတော်ဘဒ္ဒန္တ၀ိလာသ ၂။ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တ ၀ိသုဒ္ဓ၊ ၃။ တိုက်ကြပ်ဆရာတော် ဘဒ္ဒန္တ ၀ဏ္ဏသာမိ၊ ဘဒ္ဒန္တ ဣန္ဒာစာရ၊ ဘဒ္ဒန္တ၀ိလာသဂ္ဂ၊ ဘဒ္ဒန္တပညာဓိက၊ ဘဒ္ဒန္တသာသန၊ ဘဒ္ဒန္တဥက္ကံသ တို့အား လွဲပြောင်းပေးအပ်ပေးခဲ့ပြီး အထူးဒေ(၆)မြင့်မိုရ်တိုင်း ဥက္ကဋ္ဌ ဦးခွန်ခေါင်မှ ၀မ်းမြောက်ဝမ်းသားစကားပြောကြားပေးခဲ့ကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးခဲ့ကြောင်း သတင်းရရှိသည်။

ခွန်အောင်ထွိုက်ဗွေ

Powered by Blogger.