Wednesday, June 29, 2016

မူးယစ်ဆေးဝါးပပျောက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၂၉) ရက်








၂၀၁၆-ခုနှစ်၊ ဇွန်လ(၂၉)ရက်နေ့ အထူးဒေသ(၆) ကျောက်တစ်လုံးကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စု နောင်ကားမြောက်ကျောင်းတွင် ပအိုဝ်းဒေသတစ်ဝှမ်းလုံး မူးယစ်ဆေးဝါးများ ကင်းစင်ပပျောက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဟောပြောပွဲကို မြို့နယ် မူးယစ်ဆေးဝါး ပပျောက်ရေးကော်မတီက ဦးဆောင်ပြီး ပြုလုပ်ခဲကြကြောင့် သိရှိရပါသည်။
ရှေးဦးစွာ ပအိုဝ်းအမျိုးသားခေါင်းဆောင် အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ၊ ၀ဏ္ဏကျော်ထင် ဦးအောင်ခမ်းထီးနှင့်အဖွဲ့သည် ဒေသခံမိဘပြည်သူများနှင့်တကွ ရတ္တနာ(၃)ပါးကို ကန်တော့ကာ ငါးပါးသီလကို ခံယူဆောက်တည်ပြီးနောက် ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီသည်  မြန်မာ့နိုင်ငံရေးအခြေအနေနှင့် မူးယစ်ဆေးဝါးပပျောက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အကြောင်းကိုလည်းကောင်း၊ ကျောက်တစ်လုံးကြီးမြို့နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဥက္ကဌ ဦးခွန်ယွန်းမှ ဒေသဖွံ့ဖြိုးတိုးတက်ရေး အကြောင်းကိုလည်းကောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟို အထွေထွေအတွင်းရေးမှူးချုပ်၊ အမျိုးသားလွှတ်တော် ဦးခွန်သိန်းဖေမှ မူးယစ်ဆေးဝါးပပျောက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ရှေးဆက်လုပ်ဆောင်သွားရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကိုလည်းကောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟို အတွင်းရေးမှူး(၄) ဦးခွန်ကိုးမှ မူးယစ်ဆေးဝါး၏ဆိုးကျိုးများနှင့် သဘာဝဘေးအန္တရယ်အကြောင်းကိုလည်းကောင်း အကျယ်တ၀င့် ဟောပြောရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဒေသခံမိဘပြည်သူများကိုယ်စား နောင်ကားကျေးရွာအုပ်ချုပ်ရေးမှူး ဦးခွန်ထွန်းစိန်မှ ကျေးဇူးတင်အမှာစကားပြောကြားခဲ့ပြီးနောက် ဟောပြောပွဲသို့ တက်ရောက်လာကြသော ဒေသခံမိဘပြည်သူများအား နေ့လည်စာ ဧည့်ခံကျွေးမွေးပြီး နေ့လယ်ခင်း(၁း၃၀)အချိန်တွင် ဟောပြောပွဲ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း သတင်းရရှိသည်။

ခွန်အောင်ထွိုက်ဗွေ

Powered by Blogger.