Tuesday, June 28, 2016

တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအခမ်းအနားပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၂၉) ရက်


၂၀၁၆-ခုနှစ်၊ ဇွန်လ(၂၈)ရက်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ တိုင်းရင်းဆေးရုံခန်းမတွင် ရှမ်းပြည်နယ်တိုင်းရင်းဆေးဆရာအသင်းနှင့် ကုတင် (၅၀) ဆံ့တိုင်းရင်းဆေးရုံ၊ တောင်ကြီး (အေးသာယာ)တို့ ပူးပေါင်းပြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေး အခမ်းအနားပြုလုပ်ကျင်းပကြောင်း သိရှိရပါသည်။
အဆိုပါအခမ်းအနားတွင် သဘာပတိအဖြစ် ပြည်နယ်ဦင်္းစီးမှူး(ငြိမ်း) ဆရာကြီးဦးစိုးမြင့်က ဆောင်ရွက်ပေးပြီး ရှမ်းပြည်နယ်၊ မြို့နယ်တိုင်းရင်းဆေးပညာဌာနပေါင်းစုံအဖွဲ့များက ဆီးချို၊ သွေးချိုအကြောင်း ရှင်းလင်တင်ပြခဲ့သည်မှာ ယနေ့ခေတ်ကာလတွင် ဆီးချို၊ သွေးချိုရောဂါသည် အရေးကြီးသည့် ရောဂါတစ်ခုဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝှမ်းရောဂါဖြစ်ပွားနုန်း တိုးတက်များပြားလာသည်ကို တွေ့မြင်ရပါသည်။ ဆီးချို၊ သွေးချို ခံစားရသည့်သွင်ပြင်လက္ခဏာများမှာ ကျောက်ကပ်များပျက်စီးခြင်း၊ မျက်စိကွယ်ခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ ခြေ/လက်များသွေးလည်ပတ်မှုမရှိခြင်း၊ လေဖြတ်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုများနည်းပါးခြင်း၊ သွား၊ မျက်စိ၊ လည်ပင်း၊ နား၊ အာခေါင်၊ လျှာ တို့ညစ်နွမ်းခြင်း၊ အညစ်အကြေးတင်းခြင်း၊ ခြေလက်ပူခြင်း၊ ခန္ဓာကိုယ်တွင်စေထိုင်းခြင်း၊ ခံတွင်းအရသာချိုခြင်း၊ ကျင်ငယ်များခြင်း/အကြိမ်များခြင်း၊ ကျင်ငယ်အရောင်အဆင်း အနံ့ပြောင်းလဲခြင်း၊ ဆီးအမြုပ်ထခြင်း၊ ဆီးထဲတွင်တစ်စုံတစ်ရာပါလာခြင်း၊ ချွေးထွက်များခြင်း၊ ကိုယ်အနံ့ထွက်ဆိုးခြင်း၊ နှလုံးဝန်းကျင်တွင် အညစ်အကြေးတင်ခြင်း စသည်များခံစားရရှိသည်ကို တွေ့မြင်နေရကြောင်းရှင်းလင်းတင်ပြခဲ့ပါသည်။
ထိုအခမ်းအနားသို့ ပြည်နယ်ဦးစီးမှူး(ငြိမ်း) ဆရာကြီးဦးစိုးမြင့်၊ လက်ထောက်တိုင်းရင်းဆေးမှူး ကုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံ၊  ပအိုဝ်းတိုင်းရင်းဆေးဆရာများအသင်း၊ မြို့နယ်တိုင်းရင်းဆေးကုဌာန နမ့်ဆန်၊ အောင်ပန်းမြို့နယ် တိုင်းရင်းဆေးကုဌာန၊ ကျောက်မဲမြို့နယ်တိုင်းရင်းဆေးကုဌာန စသည့် အသင်း၊ အဖွဲ့၊ ဌာနများတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

နန်းရက်ခမ်းထီ

Powered by Blogger.