Saturday, June 25, 2016

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ PNA- အသွင်ပြောင်းပြည်သူ့စစ်ဌာနေ၊ ပအိုဝ်းလူငယ်ကွန်ယက်(PYN) (ဗဟို) နှင့် ဒေသခံပြည်သူလူထု စုပေါင်းသစ်ပင်စိုက်ပျိုး

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၂၅) ရက်






၂၅-၆-၂၀၁၆၊ စနေနေ့၊ မနက် (၉)နာရီအချိန်တွင် ကျောက်တလုံးကြီးမြို့နယ်၊ နောင်ပစ်ကျေးရွာအုပ်စု၊ ထီဝါးမွူးအပေါ်ဖက် တခေါ့မွူး ရန်အောင်တောင်တန်းပေါ်တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ PNA- အသွင်ပြောင်းပြည်သူ့စစ်ဌာနေ၊  ပအိုဝ်းလူငယ်ကွန်ယက်(PYN)ဗဟို နှင့် ထီဝါးမွူး၊ ထီဖေါင်း၊ တခေါ့မွူး၊ ထီနွို့၊ ထီဖူ၊ ဖျူးငယ် ကျေးရွာများမှ ဒေသခံပြည်သူလူထု (၃၀၀)ကျော် ၊ လူအင်အား စုစုပေါင်း (၄၀၀) ကျော် စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ပါသည်။
သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် သစ်တောပြုံးတီးမှုကာကွယ်ရန် ရည်ရွယ်၍ တောင်ကတုံးဖြစ်နေသော ရန်အောင်တောင်ပေါ်တွင် သစ်ပင်အပင်ပေါင်း (၅၀၀၀)ကျော် စိုက်ပျိုးပြီး နေ့လည် (၁၁)နာရီအချိန်တွင် စိုက်ပျိုးမှု ပြီးစီးခဲ့ပါသည်။
ထိုသစ်ပင်စိုက်ပျိုးမှုကို အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ၊ PNA -အသွင်ပြောင်းပြည်သူ့စစ်ဌာနေ ကွပ်ကဲရေးမှုး ဖြားခွန်မြင့်အောင်တို့မှ ဦးဆောင်ပါဝင်စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိပါသည်။

ခွန်ဓဇ



Powered by Blogger.