Friday, June 24, 2016

ပြည်နယ် ပြည်သူ့ကျန်းမာရေးဦစီးဌာနမှ Plain Packaging နှင့် ဆေးလိပ်ထုပ်တွင် သတိပေးရုပ်ပုံနှင့် စာသားများ ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာကို ရှင်းလင်းတင်ပြခြင်း အခမ်းအနားပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၂၃) ရက်



၂၀၁၆-ခုနှစ်၊ ဇွန်လ(၂၃)ရက်နေ့ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ သစ်တောရပ်ကွက် ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ(၂)တွင် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦစီးဌာနမှ Plain Packaging နှင့် ဆေးလိပ်ထုပ်တွင် သတိပေးရုပ်ပုံနှင့် စာသားများ ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာကို ရှင်းလင်းတင်ပြခြင်း အခမ်းအနားပွဲကို ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
ယင်းအခမ်းအနားကို ဒု-ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်က ဦးစီးပြီး ဆေးလိပ်ဆေးရွက်ကြီး သောက်သုံးမှုအန္တရာယ်များ၊ မြန်မာနိုင်ငံတွင် ဆေးလိပ်ဆေးရွက်ကြီး သုံးစွဲမှု အခြေအနေများ၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးနှင့် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းနှင့်မြန်မာနိုင်ငံ၊ ဆေးလိပ်ထုပ်တွင် သတိပေးရုပ်ပုံနှင့် စာသားများ ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာကို ရှင်းလင်းတင်ပြခြင်း၊ plain Packaging အကြောင်းကိုရှင်းလင်းတင်ပြခြင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အနေဖြင့် တွေ့ကြုံရသည့် အခက်အခဲများနှင့် ရှေ့လုပ်ငန်းစဉ်များကို အကျယ်တ၀င့် ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ ဒေါက်တာစိုင်းဝင်းဇော်လှိုင်သည် ဆေးလိပ်ဆေးရွက်ကြီး သောက်သုံးမှုကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ်လူပေါင်း(၆)သန်းကျော် သေဆုံးလျှက်ရှိကြောင်း၊ ၎င်းတို့အနက်(၆)သိန်းကျော်သည် သူတစ်ပါး၏ ဆေးလိပ်ငွေ့ရှုရခြင်းကြောင်း နှစ်စဉ်သေဆုံးလျှက်ရှိကြောင်း၊ ဆေးလိပ်ဆေးရွက်ကြီးသုံးစွဲမှုသည် ကူစက်မဟုတ်သော နာတာရှည်ရောဂါများ ဖြစ်သည့်နှလုံးရောဂါ၊ ကင်ဆာရောဂါ၊အဆုတ်ရောဂါ အမျိုးမျိုး၊ အဆုတ်ကင်ဆာ၊ ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာများကို ဖြစ်စေသည့် အကြောင်းရင်းများအနက် ထိပ်ဆုံးတွင်ပါဝင်ကြောင်း ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒေါက်တာစိုင်းဝင်းဇော်လှိုင်သည် အခမ်းအနားတက်ရောက်လာသူများ မေးမြန်းသောမေးခွန်းများကို ပြန်လည်ရှင်းလင်းတင်ပြပြီး ကုမ္ပဏီကိုယ်စားလှယ်များနှင့် အရပ်ဖက်အဖွဲ့အစည်းများ စုစုပေါင်း (၁၅)ယောက် တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

ခွန်အောင်ထွိုက်ဗွေ


Powered by Blogger.