Saturday, June 25, 2016

နိုင်ငံခြားတွင် Scholarship နှင့် ပညာသင်ယူလိုသော ကျောင်းသား/သူများအတွက် ပညာရေးဆွေးနွေးပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၂၅) ရက်






ရှမ်းပြည်နယ်ရှိ ကျောင်းသား/သူများကို နိုင်ငံခြားတွင် ပညာသင်ခွင့်နှင့် Scholarship ရရှိစေရန်၊  ပညာရေးမြှင့်မားစေရန် ရည်ရွယ်၍ New Sovereign Myanmar International Education  and Services Company Limited(Taunggyi)က ဦးဆောင်ပြီး ဒီကနေ့ ၂၀၁၆ခုနှစ်၊ ဇွန်လ(၂၅)ရက်၊ စနေနေ့၊ တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း၊ Royal Star Hotelတွင် ပညာရေးဆွေးနွေးပွဲ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
၎င်းပညာရေးဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ {ဒီလိုပညာရေးဆွေးနွေးပွဲကို ကျွန်တော့အနေနဲ့ ပြုလုပ်ရတာကတော့ ဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်၊ ဒီနေ့ ဆွေးနွေးပွဲ ပြုလုပ်ရတဲ့ အဓိက အကြောင်းရင်းကတော့ ကျွန်တော်တို့ ရှမ်းပြည်နယ်မှာရှိတဲ့ ကျောင်းသား/သူများကို နိုင်ငံခြားက Scholarshipနဲ့ ပညာသင်ခွင့်ရတဲ့အကြောင်းကို မိတ်ဆက်ပေးတဲ့ သဘောဖြစ်ပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ ရှမ်းပြည်နယ်ရှိတဲ့ ကျောင်းသား/သူများက လက်လှမ်းမီတဲ့  ပညာတော်သင်တာများပါတယ်၊ ကျွန်တော့ အနေနဲ့က အရှေ့တောင်အာရှလောက် မဟုတ်ဘဲနဲ့ ကမ္ဘာကို လွမ်းမိုးနိုင်တဲ့အထိ ဖြစ်စေချင်ပါတယ်။ ဒါက ကျွန်တော်တို့ ရည်ရွယ်ချက်ဖြစ်ပါတယ်} ဟု New Sovereign Myanmar International Education  and Services Company Limited၏ Founder Mr. Heart Shine က ပြောကြားသွားပါသည်။
အဆိုပါ ပညာရေးဆွေးနွေးပွဲသို့ ဆွစ်ဇာလန်နိုင်ငံနှင့် ချက်နိုင်ငံ ပရက်(ဂ်)မြို့ရှိ Sevanan Businss School ၏ Founder Santhosh S.Sevanan ကိုယ်တိုင်က လာရောက်အကြံပြုခဲ့ကြောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုဌာနချုပ်ရုံးရှိ နိုင်ငံတကာဆက်ဆံရေးဌာနမှ ဌာနမှူးဆရာခွန်ကြည်က Scholarship လျှောက်ထားခြင်းနှင့် ပတ်သက်၍ ရရှိနိုင်သောအခွင့်အလမ်းများကိုတင်ပြသွားခဲ့ကြောင်း၊ ပညာရေးဆွေးနွေးပွဲကို လာရောက်လေ့လာသူ၊ လျှောက်ထားသူစုစုပေါင်း(၈၀)ဦးကျော် ရှိကြောင်း၊ New Sovereign Myanmar International Education  and Services Company Limited(Taunggyi)က နိုင်ငံတကာမှ ကျောင်းပေါင်း(၁၄၀)ကျော်နှင့် ချိတ်ဆက်ထားကြောင်း၊ နိုင်ငံခြားကျောင်းတက်ရောက်ခွင့် ရသူများကို ပညာအရည်အချင်းပေါ် မူတည်၍ ပညာတော်သင်ဆု(Scholarship) ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ခွန်ထင်;လေအောင်;


Powered by Blogger.