Tuesday, July 5, 2016

ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ ညွန်ကြားချက်များအားဆက်စပ်ပတ်သက်သူ အားလုံး ပူးပေါင်းပါဝင်မှုဖြင့်ပြန်လည်သုံးသပ်ပြင်ဆင်ချက်များအပေါ် အတည်ပြုခြင်း အလုပ်ရုံ ဆွေးနွေးပွဲ နေပြည်တော်ကောင်စီနယ်မြေ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ သစ်တောသုတေသန ခန်းမတွင် ကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၆) ရက်





၂၀၁၆-ခုနှစ်၊ ဇူလိုင်လ(၄)ရက်နေ့ နေပြည်တော်ကောင်စီနယ်မြေ၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ သစ်တောသုတေသနဌာနခန်းမတွင် “ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း ဆိုင်ရာညွန်ကြားချက်များအား ဆက်စပ်ပတ်သက်သူအားလုံး ပူးပေါင်းပါဝင်မှုဖြင့်ပြန်လည် သုံးသပ်ပြင်ဆင်ချက်များအပေါ်အတည်ပြုခြင်းအလုပ်ရုံဆွေးနွေးပွဲ” အခမ်းအနားကျင်းပပြုလုပ် ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ရာ        “ ယခုလိုအလုပ်ရုံဆွေးပွဲဖြစ်မြှောက်အောင် အဘက်ဘက်မှကူညီပံ့ပိုးပေးပါသော သစ်တောဦးစီးဌာနမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ASEAN Social and Forestry Network(ASFN) မှတာဝန်ရှိသူများ၊ SEARCA မှတာဝန်ရှိသူများနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောကိုအသုံးပြုနေသူများအဖွဲ့မှ တက်ရောက် လာသောတာဝန်ရှိသူများအားလုံးကိုအထူးကျေးဇူးတင်ပါကြောင်း၊ မြန်မာနိုင်ငံ သစ်တောမူဝါဒများ၏ ဖော်ပြချက်များအရ ကျယ်ပြန့်သောအမျိုးသားရည်မှန်းချက်ပန်းတိုင်များကို  အရည်အသွေး ပြည့်မှီအောင် မြန်မာနိုင်ငံသစ်တောဦးစီးဌာနသည် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အစုအဖွဲ့ပိုင်သစ်တောတည်ထောင်ခြင်းအားဖြင့် ရာသီဥတုဖောက်ပြန်မှု ပြဿနာများ၊ ဒေသခံပြည်သူလူထုများ၏ အခြေခံလိုအပ်ချက်ပြဿနာများကို တစ်ဖက်တစ်လမ်း မှဖြေရှင်းပေးနိုင်ရန်ရည်ရွယ်ချက်ဖြင့် ၁၉၉၅-ခုနှစ်တွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော တည်ထောင်ခြင်းလမ်းညွန်ချက်များကို ရေးသားထုတ်ပြန်ခဲ့ပါကြောင်း၊ သစ်တောသစ်ပင်ပြုန်းတီးမှု များကြောင့် မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာပေါ်ရှိမည်သည့်နိုင်ငံတွင်မဆို သဘာဝဘေး အန္တရာယ်များကိုကြုံတွေ့နေရသည်ကိုလည်း သိရှိခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုအမျိုးသားအဆင့် အတည်ပြုဆွေးနွေးပွဲမတိုင်ခင် တိုင်းဒေသကြီး/ပြည်နယ်အဆင့်များတွင် ကျင်းပခဲ့သည့် (CFI-2016) မူကြမ်းနှင့် စပ်လျဉ်းသည့် ဆက်စပ်ပတ်သက်သူများအလုပ်ရုံဆွေးနွေးပွဲများတွင်  အကြေအလည် ဆွေးနွေးထားကြသည်ဟုသိရှိရပါကြောင်း၊ အဆိုပါ တိုင်းဒေသကြီး/ပြည်နယ်အဆင့်များတွင် ဆွေးနွေးခဲ့သောအချက်များမှတွေ့ရှိချက်များပေါ်မူတည်၍ ယခုအမျိုးသားအဆင့်တွင် ပညာရှင်များ နှင့်ပူးပေါင်းပြီး အတည်ပြုသွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် ဒေသခံပြည်သူများ အတွက် သစ်တောတည်ထောင်ခြင်းကြောင့် ရရှိလာနိုင်သည့်အခွင့်အလမ်းများကို သူမနာ ကိုယ်မနာဖြစ်အောင် အပြန်အလှန်ရင်းနှီးပွင့်လင်းစွာအကျေအလည် တက်တက်ကြွကြွဖြင့် ပါဝင်ဆွေးနွေးစေလိုပါကြောင်း” ပြောကြားသွားခဲ့ပါသည်။ ဆက်လက်ပြီး ဒေါက်တာသောင်းနိုင်ဦး (ညွန်ကြားရေးမှူး၊ သစ်တောသုတေသနဌာန)က “ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော လုပ်ငန်း ဆိုင်ရာ ညွန်ကြားချက်များအားဆက်စပ်ပတ်သက်သူ အားလုံး ပူးပေါင်းပါဝင်မှုဖြင့်ပြန်လည်သုံးသပ် ပြင်ဆင်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၆-ခုနှစ် မေလမှဇွန်လအထိ တိုင်းဒေသကြီး/ပြည်နယ်အဆင့် တွင် (၈)နေရာကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါ(၈)နေရာတွင် မေးမြန်းချက်များ၊ အကြံပြုချက်များမှာ တက်ရောက်သူများဆွေးနွေးသည့် မေးခွန်ပေါင်း(၂၀၁)ခုရှိရာ ကွဲပြားသောာမေးခွန်းမှာ(၁၅၁)ခု ရှပြီး၊ တူညီသောမေးခွန်းမှာ(၅၀)ခုရှိကြောင်း”ပြောကြားသွားခဲ့ပါသည်။ ထို့နောက် ဒေါက်တာအိအိဆွေလှိုင် က သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အဆင့်တွင် ကျင်းပခဲ့သော ဆွေးနွေးပွဲပုံစံများကို ရှင်းပြခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အဆင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောကိုအသုံးပြုနေသူများ(User Groups)နှင့် ဖိတ်ကြားထားသော တာဝန်ရှိသူများစုဟုပေါင်း(၄၃)ဦးတက်ရောက်ခဲ့ရာ ရှမ်းပြည်နယ်ကိုယ်စားအဖြစ်  ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောကိုအသုံးပြုနေသူများ(User Groups)အနေဖြင့်  ညောင်ရွှေ-မြို့နယ်၊ လွယ်ငြိမ့်ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောမှတာဝန်ရှိသူ(၁)ဦးနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ (၂)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ခွန်ယွေးယဲင်
ခမ်းစန္တာ;ဟေ့,  

Powered by Blogger.