Thursday, July 28, 2016

လူမှုတာဝန်နှင့် ကောင်းမွန်သောအုပ်ချုပ်ရေးဆိုင်ရာ ဟောပြောပွဲ ကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၂၈) ရက်



တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်  ကမ္ဘောဇလူငယ်စာကြည့်တိုက်တွင် Myanmar Institute of Politics & Public Policy (MIPP) မှ ဒေါ်ခင်မမမျိုး သည် လူမှုတာဝန်နှင့် ကောင်းမွန်သောအုပ်ချုပ်ရေးဆိုင်ရာ နည်းစနစ်နများကို ၂၀၁၆ခုနှစ် ဇူလိုင်လ ၂၇ရက် နေ့လည်၁း၀၀နာရီအချိန်တွင် ဟောပြောပေးခဲ့ကြောင်း သိရှိရပါသည်။
အုပ်ချုပ်ရေးဆိုင်ရာ နည်းစနစ်များဆိုသည်မှာ ဆုံးဖြတ်ချက်များချမှတ်သော လုပ်ငန်းစဉ်နှင့် ဆုံးဖြတ်ချက်များ အကောင်အထည်ဖော် ဆောင်ရွက်သော လုပ်ငန်းစဉ်ဖြစ်သည်။ အုပ်ချုပ်သူအစိုးရသည် အုပ်ချုပ်ရေးတွင် ပါဝင်သူများအနက်မှ အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း အခြားအဖွဲ့အစည်းများမှာ အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် ပုဂ္ဂလိက ကဏ္ဍတို့ဖြစ်ကြသည်။
ကောင်းမွန်သောအုပ်ချုပ်ရေး လက္ခဏာများမှာ အများပါဝင်ဆောင်ရွက်နိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ တရားဥပဒေစိုးမိုးခြင်းကို လိုက်နာခြင်း၊ အများဆန္ဒကိုဦးစားဆောင်ရွက်ခြင်း၊ သာတူညီမျှမှုနှင့် အားလုံးပါဝင်နိုင်မှုရှိခြင်း၊ ထိရောက်မှုနှင့်ကျွမ်းကျင်မှုရှိခြင်း၊ တာဝန်ခံနှင့်တာဝန်ယူမှုရှိခြင်းတို့ဖြစ်သည်။ တာဝန်ခံကို အောင်မြင်စေသော အကြောင်းရင်းများမှာ ဥပဒေအကြောင်းရင်းများ၊ နိုင်ငံရေးအကြောင်းရင်းများ၊ စီးပွားရေးအကြောင်းရင်းများ၊ လူမှုယဉ်ကျေးမှုအကြောင်းရင်းများတို့ဖြစ်ကြောင်း သိရှိရပါသည်။
ထိုဆွေးနွေးပွဲကို ရှမ်းပြည်နယ်တောင်ပိုင်းမှ အစိုးရဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ နိုင်ငံရေးပါတီများ လူငယ်အဖွဲ့အစည်းများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

ခွန်အောင်ထွိုက်ဗွေ




Powered by Blogger.