ကနေဒါသံအမတ် မာခ့်မက်ဒေါ်ဝယ်(လ်) (Mark McDowell)နှင့်အဖွဲ့က ဒီကနေ့ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၈) ရက်၊ သောကြာနေ့တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုဌာနချုပ်ရုံးရှိ တာဝန်ရှိပုဂ္ဂိုလ်များ ဖြစ်ကြသော အတွင်းရေး(၃)ဦးခွန်တင်ထွဋ်နှင့် ဌာနဆိုင်ရာဌာနမှူးများ၊ ပါရမီကွန်ယက်မှ အကြီးအကဲ ဦးအုံးငွေ၊ ဦးခွန်အောင်ခင်၊ ဦးခွန်ဆရာဘောနှင့်အဖွဲ့များ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း အကြီးအကဲ ဦးခွန်မောင်ငွေနှင့် နိုင်ငံခြားသား လမ်းညွန်သူ(Tourist Guide)အဖွဲ့သားများကို လာရောက်တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ တွေ့ဆုံရာတွင် ကနေဒါသံအမတ်သည် မိမိအနေနှင့် လက်ရှိ မြန်မာနိုင်ငံအနေနှင့် ပုံဖော်နေသော ငြိမ်းချမ်းရေး၊ ပြုပြင်ပြောင်းလဲရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို သိရှိလိုခြင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)က လက်ရှိအစိုးရနှင့် မည်သည့်ပုံစံနှင့်လက်တွဲလုပ်ဆောင်နေသည်ကို သိရှိလိုခြင်း၊ ပအိုဝ်းတစ်မျိုးသားလုံးအရေးအနေနှင့် လာမည့်အနာဂတ်အနှစ်(၁၀)တွင် မည့်သည်ပုံစံနှင့် လုပ်ဆောင် ရန်ရှိသည်ကို သိရှိလိုကြောင်းနှင့် ပအိုဝ်းတစ်မျိုးသားလုံး ငြိမ်းချမ်းရေးရယူခဲ့သည့်အကြောင်းများကို သိရှိလိုခြင်း၊ မြန်မာနိုင်ငံသည် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ပုံဖော်နေသောအချိန်ကာလဖြစ်သောကြောင့် မိမိတို့ ကနေဒါနိုင်ငံ၏ ဖက်ဒရယ်စနစ် ကျင့်သုံးသည့်ပုံစံကို အနည်းငယ် မျှဝေစေလိုခြင်း စသည့်အကြောင်းများကြောင့် လာရောက် တွေ့ဆုံရခြင်းဖြစ်သည်ဟု ပြောကြားသွားခဲ့ပါသည်။ ဆက်လက်၍ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO)ဗဟိုဌာနချုပ်ရှိ နိုင်ငံတကာဆက်ဆံရေးဌာနမှဌာနမှူး ဆရာခွန်ကြည်က ပအိုဝ်းလူမျိုးသမိုင်း ကိုရှင်းလင်းတင်ပြပြီး တာဝနှ်ရှိပုဂ္ဂိုလ်များက လက်ရှိမိမိပအိုဝ်းလူမျိုးများသွားနေသော နိုင်ငံရေးအခြေအနေ များကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
ထို့နောက် ကနေဒါသံအမတ်ကြီးသည် မိမိတို့နိုင်ငံ ကျင့်သုံးနေသော ဖက်ဒရယ်စနစ်ကို မျှဝေပေးပြီး (PNO)ဗဟိုဌာနချုပ်ရုံးရှိ ဌာနဆိုင်ရာအကြီးအကဲများက ဖက်ဒရယ်စနစနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ကြပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း၊ ဆက်လက်၍ ကနေဒါသံအမတ်နှင့်အဖွဲ့သည် မွေတော်ကက္ကူစေတီဘုရားသို့ သွားရောက်လေ့လာခဲ့ပါကြောင်း၊ ကနေဒါသံအမတ်နှင့်အဖွဲ့သည် ဇူလိုင်လ (၉)ရက်၊ စနေနေ့တွင် ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး(ဒဲဉ်သီးဗွေ)ကွင်းတွင် ဖွင့်လှစ်ထားသော လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ ဒီပလိုမာ အထူးသင်တန်းကျောင်းရှိ ကျောင်းသား/သူများနှင့် တွေ့ဆုံရန်ရှိကြောင်း သိရှိရပါသည်။
ခွန်ထင်;လေအောင်;
Like On Facebook
Follow On Twitter
Subscribe On RSS