Thursday, July 7, 2016

လှုမှုရေးဆိုင်ရာသုတေသနလုပ်လုပ်ဆောင်မှု(SPPRG) အဖွဲ့နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)တို့ ပူးပေါင်း၍ ထီရွေကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် လည်ပတ်ရံပုံငွေပေးအပ်ပွဲကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၈) ရက်



ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊  နောင်တရားမြို့နယ်ခွဲ၊ ထီရွေကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လည်ပတ်နိုင်ရန်အတွက် လှုမှုရေးဆိုင်ရာ သုတေသနလုပ်ဆောင်မှု (SPPRG) အဖွဲ့မှ သုတေသနပညာရှင် ဒေါက်တာဦးအောင်နိုင်က ကျပ်သိန်း(၄၀)ကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၇) ရက်၊ ကြာသပတေးနေ့တွင် သွားရောက်လှူဒါန်းခဲ့ကြောင်းသိရှိရပါသည်။


ရှေးဦးစွာ လှုမှုရေးဆိုင်ရာ သုတေသနလုပ်ဆောင်မှု (SPPRG) အဖွဲ့ သုတေသနပညာရှင် ဒေါက်တာဦးအောင်နိုင်က လည်ပတ်ရံပုံငွေအကြောင်း ရှင်းလင်းပြေားကြားခဲ့သည်မှာ ရံပုံငွေပေးအပ်ရခြင်းသည် ယခုကျေးလက်ဒေသများမှ မိခင်နှင့်ကလေးစောင့်ရှောက်ရေးလုပ်ငန်းများ၊ သက်ကြီးရွယ်အိုများ၊ ကျောင်းမနေနိုင်သည့်ကလေးများကို အဓိကထား ကူညီစောင့်ရှောက်နိုင်ရန်အတွက် ကူညီထောက်ပံ့ပေးခဲ့ကြောင်း၊ ယခုရံပုံငွေပေးအပ်ခြင်းသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဆီဆိုင်မြို့နယ်တွင် (၃) ရွာ၊ ဟိုပုံးမြို့နယ်တွင် (၂) ရွာ၊ ပင်လောင်းမြို့နယ်တွင် (၁) ရွာ၊ ကျေးရွာတစ်ရွာတွင် ကျပ်သိန်း(၄၀) စီ ကူညီထောက်ပံ့ပေးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ 


ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဗဟိုကော်မတီ ခွန်ဆောင်းရွှေက အမှာစကားပြောကြားရာတွင် ယခုလို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် လည်ပတ်ရံပုံငွေ ကူညီထောက်ပံ့ပေးခဲ့သည်မှာ အခွင့်အရေးကောင်း တစ်ရပ်ပင်ဖြစ်ကြောင်း၊ ဒီဒေသများ၏ စည်းလုံးညီညွှတ်မှု လုပ်ငန်းဆောင်ရွက်မှုများ အောင်မြင်နေသည်ကို မြင်တွေ့နေရကြောင်း၊ ရံပုံငွေကော်မတီအဖွဲ့ဝင်များ စည်းစည်းလုံးလုံး စနစ်တကျ လုပ်ကိုင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။


အဆိုပါအခမ်းအနားသို့ ပင်လောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးကိုကိုနိုင်၊ လှုမှုရေးဆိုင်ရာသုတေသနလုပ်ဆောင်မှု (SPPRG) အဖွဲ့မှ သုတေသနပညာရှင် ဒေါက်တာဦးအောင်နိုင်၊ သုတေသန ညှိနှိုင်းရေးမှူး ဦးကျော်ဇော၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဗဟိုဌာနချုပ်ရုံှးမှ ခွန်ဆောင်းရွှေနှင့် နန်းမိုးမိုးခိုင်၊ ပင်လောင်းမြို့နယ် မြို့နယ်ရုံးတာဝန်ခံ ခွန်တီးမောင်၊ ရံပုံငွေလည်ပတ်နိုင်ရေးကော်မတီ အဖွဲ့ဝင်များ၊ ဒေသခံမိဘပြည်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

နန်းဆားတဲုင်


Powered by Blogger.