တောင်ကြီးမြို့ ကန်ကြီးရပ်ကွက် ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်ရေး(ဒဲဉ်သီ;ဗွေ)ကွင်း၌ တည်ထား ကိုးကွယ်လျှက်ရှိသော အောင်ချမ်းသာစေတီတော်မြတ်ကြီး၏ အရှေ့ဘက်မုခ်ဦးဝနှင့်အနောက်ဘက်မုခ်ဦးဝ နှစ်ခုအတွက်အား ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၆ရက် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁၂း၃၀ နာရီအချိန် ဂေါပကရုံးခန်း အတွင်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့(PNO)ဗဟိုဌာနချုပ်ရုံးမှ အလှူငွေကျပ်သိန်းပေါင်း(၄၀)တိတိကို သွားရောက်လှူခဲ့ကြောင်း သိရသည်။
ထိုသို့ အလှူငွေများကို ပေးအပ်လှူဒါန်းရာမှာ ပအိုဝ်းတစ်မျိုးသားလုံအတွက် ရည်စူး၍ တောင်ကြီးမြို့ ပအိုဝ်းအမျိုးသားအဖွဲ့(PNO)ဗဟိုဌာနချုပ်ရုံးမှ အတွင်းရေးမှူး (၃)ဦးခွန်တင်ထွဋ်နှင့်ရုံးဝန်ထမ်းများက အလှူငွေများပေးအပ်လှူဒါန်းကာ ဘုရားဂေါပက အတွင်းရေးမှူး ဆရာမင်းကျော်မှ လက်ခံရယူခဲ့ပြီး ဆက်လက်၍ ဦးခွန်ဆရာမင်းကျော်က အောင်ချမ်းသာစေတီမြတ်ကြီး၏ မုခ်ဦးဝနှစ်ခုအတွက်အား ယခုလို လာရောက်လှူဒါန်းပေးတဲ့အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ အောင်ချမ်းသာစေတီတော်မြတ်ကြီးနှင့် ပတ်သက်၍ ပြန်လည်ပြုပြင်မွမ်းမံရန်အတွက် လိုအပ်နေသေးကြောင်း ဤကဲ့သို့ စေတနာသဒ္ဓါတရားထက်သန်သော အလှူရှင်ပုဂ္ဂိုလ်များမဆို ပါဝင်လှူဒါန်းနိုင်ပါကြောင်း၊ မိမိတို့ပါဝင်လှူဒါန်းလိုသည့် နေရာများဟာ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုး တိုးတက်ရေး (ဒဲဉ်သီ;ဗွေ)ကွင်း ဂေါပကရုံးတွင်သော်လည်းကောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့(PNO)၊ ဗဟိုဌာနချုပ်ရုံးတွင်သော်လည်းကောင်း၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု (ဗဟို)ရုံးတွင်သော်လည်းကောင်း ဆက်သွယ်စုံစမ်း၍ မေးမြန်းနိုင်ပါကြောင်း ၎င်းကပြောကြားသွားပါသည်။
ခွန်ဗန်ထို
Like On Facebook
Follow On Twitter
Subscribe On RSS