Friday, July 22, 2016

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးရှိ ၀န်ထမ်းများက ချိန်ခါမှီဓမ္မလုံးကောင်ကျောင်းတိုက် ပညာဥယျာဉ် ဘ/က လူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်းတွင် အလှူငွေသွားရောက်လှူဒါန်း

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်





ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ထီဖောင်းကျေးရွာအုပ်စု၊ လုံးကောင်ကျေးရွာ (ကျောက်တလုံးလမ်းမကြီးဘေး) ချိန်ခါမှီဓမ္မလုံးကောင်ကျောင်းတိုက် ပညာဥယျာဉ်ဘ/က လူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးရှိ ဌာနပေါင်းစုံမှ ၀န်ထမ်းများစုပေါင်းပြီး ဘက်စုံပြုပြင်မွမ်းမံဆောက်လုပ်ရန်အတွက် အလှူငွေ(၁၅၀၀၀၀)ကျပ်ကို ၂၀၁၆-ခုနှစ်၊ ဇူလိုင်လ(၂၂)ရက်နေ့၊ နံနက်(၉း၀၀)အချိန်တွင် လေ့ကျင့်ပညာပေးရေးဌာနမှ ဌာနမှူး ခွန်ဆောင်းရွှေ နှင့် ပြည်သူ့ဆက်ဆံရေးဌာနမှ ဌာနမှူး ခွန်စောလွင်တို့က ၀န်ထမ်းများကိုယ်စား သွားရောက်လှူဒါန်းခဲ့ကြောင်းသတင်းရရှိပါသည်။
အဆိုပါကျောင်းတွင် ၂၀၁၆-၂၀၁၇ပညာသင်နှစ်အတွင်း သူငယ်တန်းမှ ဒသမတန်းအထိ ကျောင်းသား/သူ စုစုပေါင်း(၆၇၂)ဦးရှိကြောင်း၊ သူငယ်တန်းမှ သတ္တမတန်းအထိ ကျောင်းသား/သူများကို ဆရာ(၅)ဦးနှင့် ဆရာမ(၁၅)ဦးဖြင့် ၎င်းကျောင်း၌သာ ပညာသင်ယူနေကြောင်း၊ အဋ္ဌမတန်း၊ န၀မတန်းနှင့် ဒသမတန်းတက်ရောက်နေကြသည့် ကျောင်းသား/သူများကို ပန်သခွား အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပညာသင်ယူနေကြောင်း သိရှိခဲ့ရပါသည်။

ခွန်သွောင်းထို (ခွန်ဖြားဗွာခမ်း)

Powered by Blogger.